ဝမ်းဗိုက်မှာ အဆီတွေ တက်နေတာတွေက အလှလည်းပျက်သလို ရောဂါတွေလည်းဖြစ်စေနိုင်ပါတယ်။ ဆီးချို၊ နှလုံးရောဂါတွေက ဝမ်းဗိုက်မှာအဆီများသူတွေမှာ ပိုဖြစ်နိုင်ပါတယ်။

ဘာကြောင့် ဝမ်းဗိုက်မှာ အဆီတွေ ပုံနေရတာလဲ

ဝမ်းဗိုက်မှာ အဆီတွေပုံနေရတဲ့ အကြောင်းအရင်းကတော့ အများအားဖြင့် ဟော်မှုန်းပြောင်းလဲမှု၊ မျိုးရိုးဗီဇ၊ စိတ်ဖိစီးမှု၊ အိပ်ရေးမဝခြင်း၊ သကြားပါဝင်မှုများတဲ့အစားအစာတွေ စားခြင်း၊ အရက်သေစာ၊ လှုပ်ရှားမှုနည်းခြင်း၊ ပရိုတင်းဓာတ်နည်းခြင်း၊ အမျှင်ဓာတ်နည်းတဲ့အစားအစာတွေစားခြင်း စတာတွေကြောင့် ဖြစ်လာတာပါ။

ဝမ်းဗိုက်က အဆီတွေကို လောင်ကျွမ်းမှုကို အားပေးတဲ့ အစားအစာများ

သစ်သီးဝလံများ

သစ်သီးဝလံများမှာ ဗီတာမင်၊ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီဓာတ်တွေက ဝမ်းဗိုက်ကအဆီတွေကို အလျင်အမြန် လောင်ကျွမ်းစေပါတယ်။

ဒါပေမယ့် ချိုတဲ့ အသီးအနှံချည်းဘဲ စားနေတော့လည်း ဝမ်းဗိုက်ကအဆီတွေ အလွယ်တကူ ကျမှာမဟုတ်ပါဘူး။ သကြားဓာတ်ပါဝင်နေလို့ကြောင့်ပါ။

လိမ္မော်သီး၊ သံပုရာသီး၊ ကီဝီ သီး ၊ ရှောက်သီး စတဲ့ Citrus အသီးတွေကတော့ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပြီး အဆီတွေကို လောင်ကျွမ်းပေးဖို့အတွက် အကောင်းဆုံးပါဘဲ။

ငါး

ငါးတွေမှာ ပရိုတင်းဓာတ်တွေ၊ Omega-3 Fatty အက်ဆစ်တွေပါဝင်ပါတယ်။ ပရိုတင်းဓာတ်က ကြွက်သားတွေတည်ဆောက်ရာမှာ အရေးကြီးပြီး Omega-3 Fatty အက်ဆစ်ကတော့ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။

အဲ့ဒီအပြင် စိတ်ဖိစီးမှုကြောင့် ဝမ်းဗိုက်မှာအဆီတက်လာတာတွေကိုလည်း ကာကွယ်ပေးပါတယ်။

ငရုတ်သီး အစပ်များ

ငရုတ်သီးတွေမှာလည်း ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပြီး အဆီတွေကို လောင်ကျွမ်းစေတဲ့ ဗီတာမင် စီဓာတ်နဲ့ Capsaicin ဓာတ်ပါဝင်ပါတယ်။