ကျန်းမာရေးအတွက် အထောက်အကူဖြစ်လွန်းတဲ့ ဒီလိုအစားအစာတွေက စားတာများလာတဲ့အခါမှာ ဝက်ခြံတွေကိုဖြစ်စေနိုင်တဲ့အထိ ဆိုးရွားမှုတွေလည်းရှိနေပါတယ်။ ဘယ်လိုအစားအစာမျိုးတွေက သင့်အသားအရေကို ပျက်စီးလာစေနိုင်တာလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခရမ်းချဉ်သီး

ပျိုမေတို့ရဲ့ အသားအရေကိုလှပစေတယ်လို့ သတ်မှတ်ထားတဲ့ခရမ်းချဉ်သီးက ပျိုမေတို့ရဲ့ အသားအရေမှာ ဝက်ခြံတွေကိုဖြစ်လာစေနိုင်ပါတယ်။ ခရမ်းချဉ်သီးကို ဒီတိုင်းအစိမ်းစားတာများလာတဲ့အခါမှာတော့ အသားအရေအတွက် ဆိုးကျိုးတွေဖြစ်လာပြီး ဝက်ခြံတွေကိုထွက်လာစေတာပဲဖြစ်ပါတယ်။ ချက်ပြုတ်ပြီးစားသုံးမယ်ဆိုရင်တော့ အဆင်ပြေပါတယ်။

စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးမှာ ဗီတာမင်စီဓာတ်တွေ များစွာပါဝင်နေတာကြောင့် နေ့တိုင်းစားသုံးနေမယ်ဆိုရင်တော့ ဝက်ခြံထွက်ဖို့ပိုပြီးတော့ အလားအလာများနေမှာပဲဖြစ်ပါတယ်။

လိမ္မော်သီး

ကျန်းမာရေးအတွက် အထောက်အကူပြုနေတဲ့ လိမ္မော်သီးကလည်း ပျိုမေတို့ရဲ့အသားအရေကို ထိခိုက်မှုတွေဖြစ်စေနိုင်ပါတယ်။ လိမ္မော်သီးမှာ ဗီတာမင်စီဓာတ်တွေ များစွာပါဝင်နေတဲ့အတွက်ကြောင့် ဝက်ခြံဖြစ်ဖို့ပိုပြီးတော့လွယ်ကူစေပါတယ်။ စားလိုက်တဲ့အချိန်တိုင်းမှာ ဖြစ်လာတာတော့မဟုတ်ပေမယ့် နေ့တိုင်းစားသုံးနေတာမျိုးဆိုရင်တော့ အသားအရေကိုပျက်စီးလာမှာပါ။

မစားရဘူးလို့မဆိုလိုထားပေမယ့် စားမယ်ဆိုရင်လည်း အလွန်အကျူးစားတာမျိုးကို ဆင်ခြင်မယ်ဆိုရင်တော့ ဒီလိုပြဿနာတွေ မဖြစ်လာနိုင်တော့ပါဘူး။

Photo Source: Pexels