အစားအစာတွေဟာ လူရဲ့ အသားအရေ၊ ကျန်းမာရေးနဲ့ စိတ်တွေကိုပါ အကျိုးသက်ရောက်နိုင်စွမ်း ရှိပါတယ်။ ကျန်းမာအောင် ပြုမူနေထိုင်ဖို့ အတွက် အစားအစာဟာ အဓိက ကျတဲ့အရာပါ။ အချို့အစားအစာတွေဟာ လူကို ရှိသင့်တာထက် ပိုပြီး ကြမ်းသွားစေတတ်ပြီး အချို့ကတော့ အသက်ထက်ပိုပြီး နုပျိုနေတာတွေကို ဖြစ်စေပါတယ်။

အသက်အရွယ် ရှိရင်းစွဲထက် ပိုပြီး အိုမင်းသွားစေတဲ့ အစားအစာတွေကတော့…

၁။ Fast Food

Fast Food လို့ ဆိုရာမှာ ဟမ်ဘာဂါ၊ အာလူးကြော်၊ ကြက်ကြော်၊ ဒိုးနပ် အစရှိတဲ့ အလွယ်တကူ စားဖြစ်နေတဲ့ အစားအစာတွေ ပါပါတယ်။ သွေးထဲမှာ မကောင်းတဲ့ ကိုလက်စထရောတွေ အများကြီး ရောက်သွားစေပြီး အသားအရေ ညစ်ထေးထေးဖြစ်လာခြင်းတို့ကြောင့် လူကို ပိုပြီး ရင့်သွားစေပါတယ်။

၂။ အသင့်စား အစားအစာများ

Source: Supermarket News

အခုနောက်ပိုင်းမှာ လူတွေဟာ အချိန်နဲ့ အမျှ အလုပ် လုပ်ကိုင်လာရတဲ့ အတွက် အစားအစာကို အချိန်ပေး မလုပ်နိုင်ကြတာ များပါတယ်။ ဒါကြောင့် အသင့်စား readymade အစားအစာတွေဟာ ဈေးကွက်မှာ နေရာယူလာပြီး အိမ်ရှင်မတွေကို စွဲဆောင်ပါတယ်။ အသင့်စားတွေဟာ ကြာရှည်ခံအောင် ဓာတုဗေဒ ပစ္စည်းတွေ အနည်းနဲ့အများ ထည့်ပြီး ပြုလုပ်ထားတာကြောင့် carbohydrates တွေ အများကြီး ပါဝင်ပါတယ်။ မကောင်းတဲ့အဆီတွေလည်းပါဝင်တာကြောင့်အသင့်စားတွေဟာ လူကို အိုမင်းစေပါတယ်။

၃။ အငန်များလွန်းတဲ့ အစားအစာများ

Source: Food Business News

ဆားအငန် လိုအပ်တာထက် များတဲ့ အစားအစာတွေဟာ လူရဲ့ အသားအရေကို ပျက်စီးစေနိုင်ပြီး ရင့်စေပါတယ်။ သွေးတိုးစေပြီး အသည်းကိုလည်း ဒုက္ခပေးတဲ့ အတွက် လူဟာ သာမာန်ထက်ပိုပြီး အိုမင်းပုံ ပေါက်သွားစေပါတယ်။

၄။ ကော်ဖီအလွန်အကျွံသောက်ခြင်း

ကော်ဖီဟာ လူကို မရင့်စေနိုင်ပေမယ့် အလွန်အကျွံသောက်သုံးတဲ့ အခါမှာ အသားအရေဆဲလ်တွေကို ပျက်စီးစေပြီး ရင့်သွားစေပါတယ်။

၅။ အရက်သောက်ခြင်း

ဘီယာ ပုလင်းကို ဘေးပတ်လည်မှာ ရေတွေမစိုဘဲ အေးအောင် ဘယ်လို လုပ်မလဲ။

အရက်နဲ့ ဘီယာဟာ ကိုယ်တွင်း ရေဓာတ်ကို ခန်းခြောက်စေပါတယ်။ ကိုယ်တွင်းမှာ ရေဓာတ် အလုံအလောက် ရှိပါမှ အသားအရေဟာ လန်းဆန်းပြီး စိုပြည်နုပျိုနေမှာပါ။ ဒါ့ကြောင့် အရက်ဘီယာကို ရှောင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။

၆။ Energy Drinks နဲ့ အချိုရည်များ

အသီးဖျော်ရည်တွေကို သောက်သုံးခြင်းဟာ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး စိတ်အချရဆုံးပါပဲ။ Energy Drinksနဲ့ ဂတ်စ် ပါတဲ့ အချိုရည်တွေဟာ လူတွေအတွက် ကြာရှည်သောက်လို့ မကောင်းတဲ့ အချိုရည်တွေပါ။ ဆီးချိုကို ဖြစ်ပွားစေပြီး ကျောက်ကပ်ကိုလည်း ဒုက္ခပေးပါတယ်။

၇။ ချိုလွန်းတဲ့အစားအစာတွေ

လိုအပ်တာထက် ချိုလွန်းပြီဆိုရင်တော့ သတိထား စားရမယ့် အနေအထားပါ။ သကြားဓာတ်များခြင်းဟာ ကိုယ်ခန္ဓာအတွက် မကောင်းမွန်စေနိုင်ပါဘူး။ ဆီးချိုကို ဖိတ်ခေါ်သလို ဖြစ်စေပြီး အခြား မလိုလားအပ်တဲ့ ကိုလက်စထရောတွေပါ မြင့်တက်လာစေနိုင်ပါတယ်။

Ref: healtypanda