ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

အသားအရေတွေ စိုပြေ လှပဖို့ စားပေးသင့်တဲ့ အစားအစာများ

July 24, 2017

အသားအရေတွေ စိုပြေ လှပဖို့ စားပေးသင့်တဲ့ အစားအစာများ


Share this on:

အသီးအရွက်တွေက အသားအရေ စိုပြေလှပဖို့ စားပေးသင့်တဲ့ အစားအစာတွေဖြစ်ပါတယ်။ အသားအရေ စိုပြေလှပဖို့ အဓိက စားသုံးပေးသင့်တဲ့ အစားအစာတွေကို ဝေမျှချင်ပါတယ်။

2232455-blueberries-650-fda65b8177-1484652118

ဘလူးဘယ်ရီ

ဘလူးဘယ်ရီ အသီးမှာ antioxidants တွေ၊ အမျှင်ဓာတ်တွေ၊ ဗီတာမင် A နဲ့ C တို့ပါဝင်ပါတယ်။ ဒီဓာတ်တွေက သင့်အသားအရေကို စိုပြေလှပဖို့ ကူညီပေးနိုင်ပါတယ်။

2232805-apples-650-0b13277a03-1484652118

ပန်းသီး

ပန်းသီးက အသားအရေ လှပဖို့အတွက် အကောင်းဆုံး အသီးထဲမှာပါဝင်ပါတယ်။ ငယ်ရွယ်တဲ့ အသားအရေအတွက်ဆိုရင် အနီရောင်ပန်းသီးကို ရွေးချယ်ပေးသင့်ပါတယ်။ အနီရောင်ပန်းသီးမှာ collagen ဓာတ်တွေအများကြီးပါဝင်တာကြောင့် အသားအရေအတွက် ကောင်းပါတယ်။

2232655-watermelon-650-138da44718-1484652118

ဖရဲသီး

နွေရာသီဆိုရင်တော့ ရေငတ်တာနဲ့ ဖရဲသီးများများ စားလေ့ ရှိပါတယ်။ ဖရဲသီးမှာ ရေဓာတ် ၉၀ ရာခိုင်နှုန်းပါဝင်ပြီး အသားအရေကို စိုပြေစေပါတယ်။

2232505-bananas-650-3fae3b89d7-1484652118

ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ဒါဟာ အသားအရေ ကြည်လင် လှပဖို့ အရေးကြီးပါတယ်။ အသားအရေ ခြောက်ကပ်တာဟာ ပိုတက်ဆီယမ်ဓာတ် ချို့တဲ့တာဖြစ်တာကြောင့် ငှက်ပျောသီးကို နေ့တိုင်းစားပေးသင့်ပါတယ်။

2232605-pineapple-650-ffc1f8edfc-1484652118

နာနတ်သီး

နာနတ်သီး က ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အသီးအဖြစ် နှစ်ပေါင်းများစွာ နိုင်ငံတော်တော်များများရဲ့ တိုင်းရင်းဆေးတွေထဲမှာ သတ်မှတ်ထားကြပါတယ်။ သူ့မှာ Bromelain ဆိုတဲ့ အင်ဇိုင်းဓာတ်ပါဝင်တာကြောင့် မျက်နှာဖောင်းတာတို့ ရောင်ရမ်းတာတို့ကို သက်သာစေပါတယ်။

2232705-strawberries-650-8513116f62-1484652118

စတော်ဘယ်ရီ

စတော်ဘယ်ရီ အနီရောင်တွေမှာ Ellagic အက်ဆစ်ဓာတ်တွေ ပါဝင်ပြီး UV ကြောင့် အသားအရေ ပျက်စီးတာနဲ့ အရေးအကြောင်းတွေကို ပျောက်စေပါတယ်။

2232555-papaya-650-43af5f3026-1484652118

သင်္ဘောသီး

သင်္ဘောသီး မှာ ဗီတာမင် အေ နဲ့ Papain အင်ဇိုင်းဓာတ်တွေ ပါဝင်တာကြောင့် ဆဲလ်အသေတွေကို ဖယ်ရှားရာမှာ အထောက်အကူပြုပါတယ်။

2232855-kiwi-650-da4f7e32e0-1484652118

ကီဝီသီး

ကီဝီသီးမှာ ဗီတာမင် စီတွေ အများကြီး ပါဝင်ပြီး လန်းဆန်းတက်ကြွှမှု ကို ဖြစ်စေပါတယ်။

2232355-cherries-650-fc0fd40357-1484652118

ချယ်ရီသီး

ချယ်ရီသီးမှာ Antioxidants ပါဝင်မှုက တခြား အသီးတွေထက်ပိုများတာကြောင့် ပျက်စီးနေတဲ့ ဆဲလ်တွေကို ကုသပေးနိုင်ပါတယ်။ ဒါကြောင့် ရုပ်ရင့်တာတွေကို ကာကွယ်ပေးနိုင်ပြီး အရွယ်တင်နုပျိုစေပါတယ်။

Review

User Rating

5 (1 Votes)