ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

အဆီကျချင်ရင် စားသင့်တဲ့အစားအစာများ

July 30, 2016

အဆီကျချင်ရင် စားသင့်တဲ့အစားအစာများ

Share this on:

စားသမျှ အစားအစာတွေအတွက် လေ့ကျင့်ခန်းလည်း မလုပ်နိုင်၊ ကျန်းမာရေးနဲ့လည်း မညီညွှတ်၊ သင်ဟာ အဲဒီအစား
အစာတွေကို မငြင်းပယ်နိုင်စွာ နေ့စဉ်စားခဲ့ရသူတစ်ယောက် ဖြစ်နေတယ်ဆိုရင် သင့်အသက်ကို လောလောဆယ် 30 ပဲ
ထားဦးပါဦး … ဒီလိုအချိန်မှာ သင်ဟာ သင့်ခန္ဓာကိုယ် ဖွဲစည်းပုံနဲ့ပတ်သက်ပြီး စိတ်မကျေမနပ်ဖြစ်နေမယ်ဆိုတာ သေ
ချာသလောက်ပါဘဲ။ ဒီတော့ သင့်ခန္ဓာကိုယ်ထဲက အဆီပိုတွေကို မပင်မပန်း ဖယ်ထုတ်နိုင်တဲ့နည်းကို Shwemom က မျှ
ဝေ လိုက်ပါတယ်။

(၁) ဘယ်ရီသီး

2

ဘယ်ရီမျိုးရင်းဝင် အသီးတွေဟာ အဓိကအားဖြင့်တော့ ဗီတာမင် C, B-12, ပိုတက်စီယမ်ဓာတ်တွေ ပါဝင်ပါတယ်။ နေ့စဉ်
အစာစားပြီးတာနဲ့ ဘယ်ရီသီးများများစားပေးပါက စားသမျှအစားအစာတွေကို အဆီပိုတွေ မဖြစ်စေပါဘူး။ ဒါ့အပြင် ကိုယ်
တွင်း အဆီပိုတွေကိုလည်း လွယ်ကူစွာ ကျဆင်းစေပါတယ်။

(၂) ကြက်ဥ

3

 

ကြက်ဥမှာတော့ ဗီတာမင် A,C,B-6,B-12 စတဲ့ဓာတ်တွေအပြင် ပိုတက်စီယမ်၊ ဆိုဒီယမ်၊ သဘာဝကိုလက်စထရောဓာတ်
တို့ ပါဝင်ပါတယ်။ အစာကို မြန်စွာကြေညက်စေပြီး၊ အားအင်းကို ပေးကာ ကိုယ်တွင်းအဆီလောင်ကျွမ်းမှုကိုလည်း ကျေး
ဇူးပြုပါတယ်။

(၃) ဒိန်ချဉ်

4

ဆေးဘက်ဝင် ဒိန်ချဉ်မှာတော့ ဗီတာမင် အုပ်စုတွေ၊ ဆိုဒီယမ်၊ ပိုတက်စီယံအစရှိတဲ့ ဓာတ်တွေ ပါဝင်ပါတယ်။ နေ့စဉ် ပုံမှန်
သောက်ပေးပါက အဆီကို ကျစေပြီး သက်ရှည်ကျန်းမာခြင်းကို ပေးစွမ်းနိုင်ပါတယ်။

(၄) ရေနွေးကြမ်း

5

မြန်မာနိုင်ငံမှာ ပေါပေါလောလော ရနိုင်တဲ့ ရေနွေးကြမ်းကိုလည်း ပုံမှန်သောက်ပေးပါက အဆီကို ကျစေပါတယ်။ အချို့
ဒေသများမှာတော့ လက်ဖက်ညွှန့်ကို သဘာဝအတိုင်း ခူးပြီး သောက်တာမျိုးကလည်း ပိုပြီးထိရောက်မှုရှိတယ်လို့ ဆိုပါ
တယ်။

(၅) ချင်း(ဂျင်း)

6

ချင်းကို များသောအားဖြင့် ရေနွေးနဲ့ အနည်းငယ်စိမ်ပြီး သောက်လေ့ရှိကြပါတယ်။ ဒါဟာ အလွန်ကောင်းမွန်တဲ့ ဓလေ့ဖြစ်
ပြီး သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ အဆီပိုတွေကို အလျှင်အမြန် ချေဖြတ်နိုင်စွမ်းရှိပြီး ခန္ဓာကိုယ် အလေးချိန်
လျှော့ရာမှာလည်း ထိရောက်မှုတွေ ပေးပါတယ်။

Credit: Shwemom http://shwemom.com