လူတွေဟာ အစားအစာတွေကို အာဟာရဖြစ်ရုံသာမက ရောဂါတွေအတွက်လည်း စားသောက်နိုင်ပါတယ်။ သဘာဝကပေးတဲ့ ဆေးအဖြစ် အစားအစာတွေက ကူညီပေးပါတယ်။ အဓိက ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေဟာ အသီးအနှံ၊ ဟင်းသီးဟင်းရွက်နဲ့ အစေ့အဆန်တွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျန်းမာချင်တယ်ဆိုရင်တော့ ဒါတွေကို များများ စားပေးဖို့ လိုပါတယ်။

အဆစ်အမြစ်ကိုက်ခဲခြင်းနဲ့ ဒူးနာခြင်းတို့ အတွက်လည်း အစားအသောက်တွေနဲ့ သက်သာအောင် ပြုလုပ်လို့ ရပါတယ်။

၁။ ပဲပိစပ်

Oklahoma State University ရဲ့ စမ်းသပ်တွေ့ရှိချက် တစ်ခုအရ ပဲပိစပ်ကို ၃လလောက် နေ့တိုင်းစားပေးတဲ့အခါ ဒူးနာခြင်းဟာ တဖြည်းဖြည်း သက်သာလာတယ်လို့ ဆိုပါတယ်။ ပဲတွေမှာ isoflavones ကြွယ်ဝစွာပါဝင်ပြီး ပရိုတင်းဓာတ်လည်း ပြည့်ဝတဲ့အတွက် ဒူးနာခြင်းကြောင့် သောက်ရမယ့် ဆေးအရေအတွက် လျော့ကျပေးဖို့ ကူညီနိုင်ပါတယ်။ အခြား ပဲတွေကိုလည်း စားလို့ရပါတယ်။ အဓိကကတော့ ပဲကနေရတဲ့ ပရိုတင်းဓာတ်ကို လိုအပ်တာပါ။ ပဲနို့သောက်လို့လည်းရသလို ပဲနဲ့ပတ်သတ်တဲ့ အစားအစာတွေကို စားပေးပါ။

၂။ အသီးအနှံများ

ဗီတာမင် စီ ကြွယ်ဝတဲ့ လိမ္မော်သီး၊ သရက်သီး၊ ဂရိတ်ဖရုသီး၊ ကီဝီသီးနဲ့ သင်္ဘောသီးတို့ကို စားပေးနိုင်ပါတယ်။ ဗီတာမင်စီဟာ ဒူးရဲ့ လုပ်ဆောင်ချက်တွေကို အားကောင်းအောင် ပံ့ပိုးပေးနိုင်တဲ့ အတွက် ဒူးနာခြင်းကို သက်သာစေနိုင်ပါတယ်။ ဗီတာမင်စီ ကဲ့သို့ အရည်ရွှမ်းတဲ့အသီးတွေကိုလည်း စားလို့ ရပါတယ်။

၃။ ငါး

ကမ္ဘာ့အကျန်းမာဆုံး အသားကို ပြောပါဆိုရင် ငါးလို့ ပြောရပါမယ်။ ငါးကနေ ရတဲ့ အိုမီဂါ ၃ ဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေနိုင်ပြီး ဒူးအတွင်းမှာ ရှိတဲ့ အရိုးလေးတွေ ပျက်စီး ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် ငါးကို တစ်ပတ်မှာ ၄ရက်လောက ်ပုံမှန်စားပေးပါ။ အိုမီဂါ ၃ ပါတဲ့ ငါးကြီးဆီကိုလည်း စားလို့ ရပါတယ်။ ငါးထဲမှာဆိုရင်တော့ မြန်မာနိုင်ငံမှာ အတွေ့နည်းတဲ့ ဆယ်လ်မွန်ငါးကတော့ အိုမီဂါ ၃ ပါဝင်မှု အများဆုံးပါ။ ဒါပေမယ့် အခြား ငါးကွမ်းရှပ်နဲ့ ပင်လယ်ငါးတွေကိုလည်း စားလို့ရပါတယ်။

Source: readersdigest