ကဲ ဒီတစ်ခါတော့ ပျိုမေတို့အတွက်ပေါ့။

လူတိုင်းက ငေးကြည့်ရလောက်တဲ့ ကိုယ်လုံးကိုယ်ပေါက်မျိုးတော့ မိန်းကလေးတိုင်း လိုချင်တာပဲနော် မငြင်းပါနဲ့။ လေ့ကျင့်ခန်းလုပ်ယူဖို့လည်း အချိန်မရှိ ဆေးထိုးဆေးသောက်ဖို့ကျတော့လည်း ဘေးထွက်ဆိုးကျိုးတွေက ကြောက်ရပြန်သေးတယ်။ အဲ့ဒါကြောင့်မို့လို့ စားရင်းနဲ့ ကိတ်ကြပါစို့လား။

ပန်းသီး ချယ်ရီသီး ဆီးသီး စပျစ်သီး စတော်ဘယ်ရီသီး ဖရဲသီး နေကြာစေ့ ကြက်သွန်ဖြူ ပဲပင်ပေါက် ဂျုံ မုန်လာဥနီ သခွားသီး စတာတွေ များများစားပေးပါ။ သင်္ဘောသီးဖျော်ရည်နဲ့ နွားနို့များများသောက်ပေးပါ။

ကြက်ဥအနှစ်ကို ပျားရည်တစ်ဇွန်း နွားနို့အနည်းငယ်ထည့်ပြီးမွှေပါ။ ဖြစ်လာတဲ့ အနှစ်ကို ပေါင်းပေးပါ။ နေ့စဉ်စားသုံးရင် ရင်သားဆဲလ်တွေ ပွားများလာပြီး ရင်သားကိုကြီးထွားဖွံဖြိုးလာစေပါတယ်။

ထောပတ်သီးစားပေးရင် ရင်သားကို မြန်ဆန်စွာကြီးစေပါတယ်။ လိမ္မော်သီးမှာပါတဲ့ Vitamin C က ရင်သားတွဲကျခြင်းကို ကာကွယ်ပေးပါတယ်။ ပဲအမျိုးမျိုး စားပေးခြင်းကလည်း ရင်သားဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။

အခြားသော အထောက်အပံ့များအနေနှင့် ရင်သားအား ဆီလိမ်း၍ နှိပ်နယ်ပေးခြင်း ရင်သားကို ကြီးထွားစေသော ခရင်မ်တစ်မျိုးမျိုး လိမ်း၍ နှိပ်နယ်ပေးခြင်း ရင်သားကိုပင့်တင်ပေးသော လေ့ကျင့်ခန်းအချို့ပါ တွဲဖက်လုပ်ပေးရင် သိသာတဲ့ ရလဒ်ကို ရက်ပိုင်းအတွင်း တွေ့မြင်ရပါလိမ့်မယ်။