ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

စိတ်ဖိအားကို တိုးပွားစေသောအစားအစာများ

August 6, 2016

စိတ်ဖိအားကို တိုးပွားစေသောအစားအစာများ

Share this on:

အောက်ပါ အစားအစာတွေဟာ စိတ်ဖိအားကို တိုးပွားစေပြီး လူရဲ့ကျန်းမာရေးကို ဆိုးရွားစေပါတယ်။ ဒါကြောင့် Shwemom ပရိသတ်ကြီးအနေနဲ့ သက်ရှည်ကျန်းမာသော ဘ၀ကို ပိုင်ဆိုင်နိုင်စေဖို့ ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

(၁) သကြားအခြေခံမုန့်များ

2

သကြားဓာတ်ဟာ သွေးလည်ပတ်မှုကို အနှောက်အယှက်ပေးပါတယ်။ လူကို ထုံထိုင်းစေပြီး ငိုက်မြည်းခြင်း၊ သန်းဝေခြင်း၊ မရွှင်မလန်းဖြစ်ခြင်း၊ အိပ်လိုစိတ်ကိုဖြစ်စေသော ဟိုမုန်းများကို ပွားစေခြင်း-တို့ကြောင့် ကြွက်သားတွေရဲ့ တက်ကြွလန်း
ဆန်းမှု၊ ဦးနှောက်ရဲ့ ဖွံ့ဖြိုးမှုကို အနှောက်အယှက် ပေးပါတယ်။

(၂) လက်ဖက်ရည်/ကော်ဖီ/အားဖြည့်အချိုရည်များ

3

လက်ဖက်ရည်(ရေနွေးကြမ်းကို ဆိုလိုသည်မဟုတ်ပါ)၊ ကော်ဖီနဲ့ အားဖြည့်အချိုရေတွေကလည်း လူ့စိတ်ကို လန်းရွှင်သ
ယောင် လုပ်ပေးတယ်လို့ ထင်ရပေမယ့် ၎င်းတို့မှာ ပမာဏအားဖြင့် မှန်းဆလို့ မရနိုင်တဲ့ Theobromine, Caffeine ဓာတ်နဲ့
အခြား Neuro-Stimulator တွေ ပါဝင်လို့ စိတ်ဖိအားကို ပွားများစေပါတယ်။

(၃) အဆီများသော အစားအစာများ

1

သဘာဝဆီမဟုတ်တဲ့ ဆီတွေနဲ့ ချက်ပြုတ်ထားတဲ့ ဟင်းအမယ်တွေကလည်း လူရဲ့ စိတ်ဖိအားကို တိုးပွားစေပါတယ်။ အချို့ သဘာဝဆီအမည်ခံ စားသုံးဆီတွေမှာပင် အဆီဓာတ်နဲ့ ကယ်လိုရီပါဝင်မှုကို တိုင်းတာကြည့်တဲ့အခါ လူ့ကျန်းမာရေးကို ဆိုးဝါးစေတဲ့ ပမာဏကို ကျော်လွန်ပါဝင်တာမျိုးတွေ ရှိပါတယ်။

(၄) အသင့်စားသုံးနိုင်သော အစားအစာများ

အဆင့်သင့်စားသုံးနိုင်တဲ့ အစားအသောက်တွေမှာလည်း လွန်ကဲလှတဲ့ Fat, Sodium နဲ့ Artificial Additivesတွေ မြောက်များစွာ ပါဝင်ပါတယ်။ သွေးလည်ပတ်မှုကို အနှောက်အယှက်ပေးပြီး အချို့သော စားစရာများမှာ အရသာဖြင့် စွဲဆောင်
ဖို့ရန်အတွက် ဟင်းခက်မှုန့်အလွန်အကျွံသုံးထားလို့ အခြားကျန်းမာရေး ဆိုးကျိုးတွေကိုလည်း ပေးပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

3.7 (9 Votes)