လမ်းမှာ တွေ့လို့ တစ်ယောက်နဲ့ တစ်ယောက်နှုတ်ဆက်ကြရင် အရမ်းအရွယ်တင်တာပဲ။ နုတယ်နော်လို့ အပြောခံရတဲ့ အခါ သဘောကျတတ်ကြတဲ့ လူတွေ များပါတယ်။ အရွယ်တင်နုပျိုစေမယ့် လျှို့ဝှက်ချက်က ဘာပါလဲ။ Lifestyle နဲ့ ပတ်သတ်သလို အစားအစာတွေနဲ့လည်း ပတ်သတ်နေတယ်ဆိုတာ သင်သိပါသလား။

အစားအစာတွေဟာ ကျွန်မတို့ရဲ့ အလှအပ၊ အချိုးအစားနဲ့ သက်ရှည်ကျန်းမာဖို့ အတွက် အဓိက လျှို့ဝှက်ချက်ပါပဲ။ ဒါပေမယ့် အစားအစာတိုင်းတော့ မဟုတ်ပါဘူး။ ဘယ်လို အစားအစာတွေလဲ ဆိုရင်တော့

၁။ ကော်ဖီ

ကော်ဖီချစ်သူတွေ အတွက်တော့ သတင်းကောင်းပါ။ တစ်နေ့ကို ကော်ဖီတစ်ခွက်လောက်တော့ သောက်လိုက်ပါ။ ကော်ဖီဟာ အသားအရေအတွက် ကောင်းမွန်စေနိုင်တဲ့ အရာတစ်ခု ဖြစ်ပြီး တစ်နေ့ကို ကော်ဖီ ၄ခွက်ထိ သောက်တဲ့လူဟာ မသောက်တဲ့ လူတွေထက် ၁၀နှစ်စာ ပိုပြီး နုပျိုစေနိုင်တယ်လို့ ဆိုပါတယ်။ ကော်ဖီအမှုန့်ကို သေချာ စစ်ပြီး ဖျော်သောက်ဖို့တော့ အကြံပေးပါရစေ။

၂။ ဖရဲသီး

ဖရဲသီးဟာ ကျန်းမာရေးအတွက်နဲ့ အလှအပအတွက် သူ မပါမဖြစ်လို့ ဆိုရပါမယ်။ ရေဓာတ်ပါဝင်မှု မြင့်မားတဲ့ အတွက် အသားအရေကို စိုပြေပြီး နူးညံ့စေနိုင်တဲ့ အသီးပါ။ အင်တီအောက်ဆီးဒင့်ဟာ UV ဒဏ်ကို ခံနိုင်ရည်ရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။

၃။ သလဲသီး

လှပတဲ့ အသီးလေးဖြစ်ပြီး အစေ့လေးတွေနဲ့ အမြင်တစ်မျိုးဖြစ်စေတဲ့ အသီးပါ။ ပါဝင်တဲ့ ဗီတာမင်စီကြောင့် အမဲစက်တွေနဲ့ အသားအရေ မညီညာမှုတွေကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတွေကတော့ သလဲသီးကို စားပေးရင် အရေးအကြောင်း ဖြစ်စေခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၄။ ကျောက် ပုဇွန်ထုပ်

ဇင့်ဓာတ် ပါဝင်မှု များပြီး အရေပြား ဆဲလ်အသစ်တွေကို ဖြစ်ပေါ်စေနိုင်တဲ့ အစွမ်း ရှိပါတယ်။ ဇင့်ဓာတ် နည်းရင်တော့ ဝက်ခြံနဲ့ အခြား အရေပြား ပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပုဇွန်စားပေးပါ။

၅။ ဘလူးဘယ်ရီသီး

ဘယ်ရီသီးတွေမှာ ဗီတာမင်စီနဲ့အီး ပါဝင်ပြီး သူတို့၂မျိုးဟာ ပိုပြီး တောက်ပတဲ့ အသားအရေ ဖြစ်အောင် ကူညီပေးနိုင်စွမ်း ရှိပါတယ်။

၆။ ကိုက်လန်

အစိမ်းရောင် အရွက်တွေမှာ ဗီတာမင် ကေ ပါဝင်ပြီး မျက်လုံးကို အထောက်အကူ ဖြစ်စေတဲ့ အပြင် ဆဲလ်အသေတွေကိုလည်း ဖယ်ရှားနိုင်စွမ်း ရှိပါတယ်။ သံဓာတ်လည်း ပါဝင်တဲ့ အတွက် သွေးအားကိုလည်း ကောင်းစေပါတယ်။ ဒါပေမယ့် ချက်စားရပါမယ်။ အစိမ်းစားရင် မရပါဘူး။

၇။ ကြက်ဥ

ကြက်ဥတွေဟာ ပရိုတင်းကို အဓိက ပေးတဲ့ အစားအစာတွေပါ။ နုပျိုစေဖို့ အတွက် လိုအပ်တဲ့ အားအင်တွေကို ပေးစွမ်းနိုင်စွမ်း ကြက်ဥမှာ ရှိပါတယ်။

၈။ သစ်ကြားစေ့

Walnuts

အိုမီဂါ ၃ ဖက်တီးအက်ဆစ်နဲ့ ဗီတာမင်အီဟာ ဆံသားကို မခြောက်သွေ့အောင် ကာကွယ်နိုင်တဲ့ အတွက် ဆံပင်ဖြူခြင်းကို တားဆီးပေးနိုင်ပါတယ်။ လက်သည်းခြေသည်းတွေ အလွယ်တကူ ပျက်ဆီးခြင်းကနေလည်း ကာကွဝ် နိုင်ပါတယ်။ သစ်ကြားစေ့ကို နေ့စဉ်စားပေးရင်တော့ သဘာဝအတိုင်း စိုပြေပြီး လှပစေနိုင်ပါတယ်။

၉။ ထောပတ်သီး

Avocado

ထောပတ်သီးဟာ Oleic Acid မြင့်မားတဲ့ အတွက် အရေပြား အပေါ်ယံလွှာကို စိုပြေပြီး တင်းတင်းရင်းရင်း ဖြ စ်စေဖို့ အတွက် အကူအညီ ရနိုင်ပါတယ်။

၁၀။ သခွားမွှေး

cantaloupe

အရည်ရွှမ်းပြီး အနံ့လေး သင်းတဲ့ ဒီအသီးဟာ ဘီတာကရိုတိန်း နဲ့ ဗီတာမင်အေ အဓိက ပါဝင်တဲ့ အတွက် အရေပြားရဲ့ ဆဲလ်တွေ ကြီးထွားမှုကို ကူညီပေးနိုင်ပါတယ်။ ချွေးပေါက်တွေ မွေးညင်းပေါက်တွေမှာရဲ့ အောက်မှာ ပိတ်ဆို့ နေတတ်တဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေါ်နိုင်စွမ်း ရှိပါတယ်။

Source: foxnews