အစားအစာတွေကို ရေခဲသေတ္တာထဲထည့်ပြီး ကြာရှည်ခံရန်နဲ့ အအေးခံစားရန်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ထည့်ထားကြပါတယ်။ တစ်ချို့အစားအစာတွေက ရေခဲသေတ္တာထဲ ထည့်စားမှရသလို တစ်ချို့အရာတွေကတော့ ရေခဲသေတ္တာထဲထည့်ရင် ကျန်းမာရေးအတွက် မကောင်းတဲ့အချက်တွေ ဖြစ်ပေါ်စေပါတယ်။

ဒါကြောင့် ရေခဲသေတ္တာထဲ မထည့်သင့်တဲ့ အစားအစာအချို့ကို မျှဝေချင်ပါတယ်။

၁။ ဖရဲသီး

ဖရဲသီးနဲ့ သခွားမွှေးသီးတို့ကို ရေခဲသေတ္တာထဲ ထည့်ထားတာထက် အခန်းတွင်း အပူချိန်မှာပဲ ထားတာ ပိုကောင်းပါတယ်။ USDA ရဲ့ လေ့လာချက်တွေအရ အခန်းတွင်းအပူချိန်မှာ ထားရင် ပါဝင်တဲ့ Antioxidants တွေဟာ ပိုပြီး အကူအညီဖြစ်စေပါတယ်။ ဒါပေမယ့် လှီးဖြတ်ထားပြီးသားဆိုရင်တော့ ရေခဲသေတ္တာထဲ ထည့်ထားရင် ၃ရက်ကနေ ၄ရက်ထိ အထားခံနိုင်ပါတယ်။

၂။ အာလူး

နှလုံးရောဂါ၊ လေဖြတ်တာတွေကို ကာကွယ်ပေးနိုင်တဲ့ အာလူး

ရေခဲသေတ္တာထဲက အပူချိန်တွေက အာလူးတွေကို ပျက်စီးသွားစေတဲ့ အထိ ဖြစ်စေပါတယ်။ အာဟာရဓာတ်တွေ လျော့ကျစေပြီး အချိုဓာတ် ပျက်ပြယ်သွားစေပါတယ်။ အခန်းတွင်း အပူချိန်မှာ ထားပြီး ခြောက်သွေ့ပြီး နေရောင်နဲ့ တိုက်ရိုက်မထိတွေ့တဲ့ နေရာမှာ ထားပါ။

၃။ ပျားရည်

ပျားရည်ကို ရေခဲသေတ္တာထဲ ထည့်ထားရင် ခဲသွားပြီး သူ့မှာ ပါဝင်တဲ့ ဂုဏ်သတ္တိတွေ လျော့ပါးသွားစေပါတယ်။ အခန်းတွင်းအပူချိန်မှာ ထားပါက သဘာဝအတိုင်း ပျစ်နှစ်ပြီး ချိုမြစေပါတယ်။

၄။ ကော်ဖီ

ကဖိန်းဓာတ်ပါဝင်မှုများတဲ့ အစားအစာများ

ကော်ဖီစေ့နဲ့ ကော်ဖီမှုန့်တွေကို ရေခဲသေတ္တာထဲ ထည့်မထားတတ်ကြပါဘူး။ ဟုတ်ပါတယ်..ခဲသွားတတ်ပြီး ကော်ဖီရဲ့ အာနိသင်တွေ ပျက်ပြယ်သွားစေပါတယ်။ အဖုံးလုံတဲ့ ဘူးတစ်ခုထဲမှာ လေလုံအောင် သေချာထားပြီး မီးဖိုချောင် ဘီဒိုနဲ့ စားပွဲပေါ်တွေမှာပဲ ထားသင့်ပါတယ်။

၅။ ခရမ်းချဉ်သီး

အေးစက်စက်နဲ့ ခရမ်းချဉ်သီးဟာ အရသာကို ပျက်စေပါတယ်။ ပါဝင်တဲ့ Antioxidant တွေရဲ့ ဂုဏ်သတ္တိ သိပ်မပြနိုင်ဘဲ ဖြစ်ပါလိမ့်မယ်။ အပြင်မှာ ထားရင်တော့ အမှည့်မြန်ပေမယ့် ပါဝင်တဲ့ ကျန်းမာရေး အကျိုးပြုစေမယ့် အရာတွေကတော့ မပြောင်းလဲနိုင်ပါဘူး။

၆။ ကြက်သွန်နီ

အရသာနဲ့ အာဟာရဓာတ် ကွဲပြားတဲ့ ကြက်သွန်နီအမျိုးမျိုး

ကြက်သွန်နီတွေကိုတော့ ရေခဲသေတ္တာထဲ ထည့်သိမ်းမယ်ဆိုတဲ့ အကြံဉာဏ် ဘယ်သူမှတော့ ရမယ်မထင်ပါဘူး။ ဟုတ်ပါတယ်..အေးတဲ့နေရာမှာ ထားရင် မှိုတက်စေတဲ့ အစွမ်းဟာ ကြက်သွန်နီရဲ့ အစွမ်းပါ။ နေရောင်တွေကို တိုက်ရိုက်မထိစေပါနဲ့။ ဒါပေမယ့် လှီးဖြတ်ထားပြီး ကြက်သွန်နီကိုတော့ ရေခဲသေတ္တာထဲ ထည့်ထားလို့ ရပါတယ်။

၇။ ကြက်သွန်ဖြူ

ကျန်းမာရေး အစွမ်းတွေ  အများကြီး ပေးတဲ့ ကြက်သွန်ဖြူကိုလည်း ရေခဲသေတ္တာထဲ ထည့်မသိမ်းကြပါဘူး။ ခြောက်သွေ့တဲ့ အခန်းတွင်း အပူချိန်မှာပဲ ထားကြတာများပါတယ်။ သတိထားရမှာ တစ်ခုကတော့ ထိပ်ကို လှီးဖြတ်ထားတဲ့ ကြက်သွန်ဖြူတွေကိုတော့ ၁၀ရက်အတွင်း အကုန်အောင် သုံးပေးရပါမယ်။ လေနဲ့ ထိတွေ့ပြီးသား ကြက်သွန်ဖြူတွေရဲ့ အာနိသင်က ကြာကြာမခံနိုင်လို့ပါ။

၈။ ငရုတ်ဆီ
ငရုတ်ဆီဘူးတွေကို ရေခဲသေတ္တာထဲ ထည့်မထားရပါဘူး။ ခဲသွားစေမယ့် အပြင် ပါဝင်တဲ့ ငရုတ်သီးဟာ အခန်းတွင်း အပူချိန်မှာပဲ ထားပြီး စားဖို့ သင့်တော်ပါတယ်။

၉။ ပေါင်မုန့်

ပေါင်မုန့်တွေကို အခန်းတွင်း အပူချိန်မှာပဲ ထားသင့်ပါတယ်။ လတ်ဆတ်ပြီး အနံ့သင်းစေချင်ရင်တော့ ရေခဲသေတ္တာထဲ ထည့်ဖို့ မတွေးမိပါစေနဲ့။

၁၀။ အစေ့အဆန်များ

ပိုအေးတဲ့ အပူချိန်တွေဟာ အစေ့အဆန်ထဲမှာ သဘာဝအတိုင်း ရှိနေတဲ့ အဆီဓာတ်တွေကို ခန်းခြောက်သွားစေပါတယ်။ ကျန်းမာရေး အကျိုးပြု ဓာတ်တွေ လျော့ပါးသွားစေတဲ့ အပြင် သဘာဝအတိုင်း အနံ့နဲ့ အရသာ မရှိတတ်တော့ပါဘူး။ ကြာရှည်ခံအောင် ထည့်ထားမယ်ဆိုရင်တော့ မထည့်ခင် အပူပေးတာဖြစ်ဖြစ် အနည်းငယ် ကျတ်အောင်လုပ်ပြီးမှ ထည့်ပါ။

၁၁။ ပန်းသီး

ပန်းသီးတွေကို အပြင်မှာ ထားတာ ပိုကောင်းပါတယ်။ ရေခဲသေတ္တာထဲမှာ ထည့်စားတဲ့ ပန်းသီးတွေဟာ ကြာလာရင် အရသာ ခပ်ဖော့ဖော့ ဖြစ်သွားတတ်ပါတယ်။

၁၂။ ထောပတ်သီး

Avocado

ထောပတ်သီးလိုမျိုး အနှစ်ထူတွေနဲ့ ပြည့်နေတဲ့ အသီးကို အခန်းတွင်း အပူချိန်မျိုးမှာ ထားတာ ပိုသင့်တော်ပါတယ်။ အစိမ်းအတိုင်း စားမယ်ဆိုရင်တော့ အဆင်ပြေကောင်း ပြေပါလိမ့်မယ်။ ဒါပေမယ့် မှည့်ဖို့ လိုနေတဲ့ အသီးတွေကိုတော့ ရေခဲသေတ္တာထဲ ထည့်ထားရင် မမှည့်တော့ဘဲ မာဆတ်ဆတ် အရသာမျိုးပဲ ရပါလိမ့်မယ်။

Credit: foodnetwork