Tips & Stories | ကျန်းမာရေး - Health

သွားအလှကို ဖျက်ဆီးပစ်သောအရာများ

October 12, 2016

သွားအလှကို ဖျက်ဆီးပစ်သောအရာများ

Share this on:

သွားရဲ့ ပြင်ပကြွေလွှာလှ ကျန်းမာရေးကောင်းမွန်မှ အတွင်းထဲမှာရှိတဲ့ အတွင်းထဲမှာရှိတဲ့ Structure တွေကို ကာကွယ်
ပေးနိုင်မှာ ဖြစ်ပါတယ်။ သွားကြွေလွှာ ပျက်ဆီးဆုံးရှုံးပြီးတဲ့ နောက်ပိုင်းမှာတော့ သွားကိုက်ခြင်း၊ သွားကျဉ်ခြင်း စတာတွေ
ဖြစ်လာပြီး နောက်ဆုံး သွားကို အစားထိုးရတယ်၊ နှုတ်ရတဲ့အဆင့်ထိ ရောက်သွားတတ်ပါတယ်။ ဒါကြောင့် Shwemom ပ
ရိသတ်ကြီးအတွက် သွားရဲ့အလှကို ဖျက်ဆီးပစ်တဲ့ အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဆိုဒါနှင့် ဖျော်ရည်များ

Juices

သကြားဓာတ်လွန်ကဲစွာပါဝင်တဲ့ ဆိုဒါတွေ ဖျော်ရည်ကဲ့သို့သော သောက်စရာတွေဟာ သွားကျန်းမာရေးကို ထိခိုက်စေနိုင်
ပါတယ်။ ဒါ့အပြင် ဆိုးဆေးကဲ့သို့သော အရာများနဲ့ သွားကြွေလွှာထိတွေ့ဖန်များလာတဲ့အခါ သွားကြွေလွှာအရောင်ကို
ပြောင်းစေပြီး အရုပ်ဆိုးစေပါတယ်။

(၂) အရက်/ဆေးလိပ်

အရက်မှာပါတဲ့ အယ်လ်ကိုဟောဓာတ်ဟာ လူကို ရေဓာတ်ခန်းခြောက်အောင် စွမ်းဆောင်ရာမှာ အလွန်မြန်ဆန်ပါတယ်။ ရေဓာတ်ခန်းခြောက်တဲ့အခါ ခန္ဓာကိုယ်က မလိုအပ်ဘဲ စွမ်းအင်နဲ့ကစီဓာတ်ရှိတာလေးကို သုံးပေးရပြန်တော့ ကြာလာတဲ့အခါ ရိုးတွင်းချဉ်ဆီဓာတ်ခန်းတာတို့ ဖြစ်သွားစေပါတယ်။ အဲဒီအခါမှာ အရိုးတွေရဲ့ ကျန်းမာရေး တဖြည်းဆိုးဝါးလာစေ
ပြီး အရိုးအုပ်စုဝင်ဖြစ်တဲ့ သွားတွေကိုလည်း လျှင်မြန်စွာ ပျက်စီးစေပါတယ်။ ဆေးလိပ်မှာပါတဲ့ နီကိုတင်းဓာတ်ကတော့ သွားကို တိုက်ရိုက်ဆိုးကျိုးပေးပါတယ်။ သွားတွေကို ညစ်ထေးစေပြီး အချိန်ကြာတဲ့အခါ သွားမှာကပ်နေတဲ့ ဆေးလိပ်ဂျိုး
တွေဟာ ဖယ်ရှင်းဖို့အတော်ခက်ခဲသွားပါတယ်။ ဆေးလိပ်ဟာ ခံတွင်းပိုင်းကင်ဆာအမျိုးမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။

(၃) သကြားလုံးနှင့်သကြားအခြေခံ စားကုန်များ

သကြားလုံးနဲ့ သကြားအခြေခံစားသောက်ကုန်တွေမှာ ပမာဏများပြားလှတဲ့ သကြားဓာတ်တွေ ပါဝင်ပါတယ်။ သွားကြွေ
လွှာကို အန္တရာယ်အပေးဆုံးကလည်း သကြားဓာတ်ပါဘဲ။

(၄) Fast Food/Junk Food များ

Chocolate and Candies

အာဟာရညွှန်းကိန်း လိုရာစွဲပြီးဖော်ပြထားလေ့ရှိတဲ့ အရန်သင့်စားလို့ရတဲ့ Fast Food / Junk Food တွေကိုလည်း မစား
သင့်ပါဘူး။ သွားတွေကို ဒုက္ခအပေးဆုံး အစားအစာတွေပါ။

(၅) ဘယ်ရီမျိုးရင်းဝင် အသီးများ

ဘယ်ရီမျိုးရင်းဝင် အသီးတွေဟာ ခန္ဓာကိုယ်ကျန်းမာရေးကို ကောင်းမွန်စေသလောက် သွားတွေအတွက်တော့ ရန်သူတွေ
ပါဘဲ။ အကြောင်းကတော့ သကြားဓာတ်မှန်သမျှဟာ သဘာဝသကြားဓာတ်ပဲဖြစ်ဖြစ် သကြားအစစ်ပဲဖြစ်ဖြစ် သွားနဲ့ ဓာတ်
မတည့်္ပပါဘူး။

Credit: Shwemom http://shwemom.com

Review

User Rating

4.7 (3 Votes)