ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

အာရုံကြောအားနည်းသူတွေ စားသင့်တဲ့အစားအစာများ

August 2, 2016

အာရုံကြောအားနည်းသူတွေ စားသင့်တဲ့အစားအစာများ

Share this on:

အာရုံကြောဆိုတာ လူ့ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို ချိတ်ဆက်မောင်းနှင်ရာမှာ အလွန်အရေးကြီးတဲ့ အစိပ်အပိုင်းမှာ ပါဝင်ပါတယ်။ လူတစ်ယောက် ထိခိုက်ဒဏ်ရာ ရပြီဆိုရင် အာရုံကြောထိခိုက်သွားတယ်-ဆိုပါက သေဖို့နဲ့ … လူစဉ်မမီဖို့ပဲ ရှိတယ်ဆိုတာ လူတိုင်း အတွေ့အကြုံအရ သိနှင့်ပြီး ဖြစ်ပါလိမ့်မယ်။ အာရုံကြောစနစ်အားနည်းတဲ့သူတွေဆိုရင် အခြားကျန်းမာရေးဆိုးကျိုးတွေ ၀င်ရောက်လာနိုင်ပြီး ရေရှည်အသက်ရှည်ဖို့မလွယ်ပါဘူး။ ဒါကြောင့် အာရုံကြောအားနည်းရင် အထူးပြုစားပေးသင့်တဲ့ အစားအသောက်တွေကို ဖော်ပြေပေးလိုက်ပါတယ်။

(၁) ပဲအမျိုးမျိုး

2

ပဲမှာ ဗီတာမင်၊ ပရိုတင်း၊ သံဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်၊ ကယ်လ်စီယံဓာတ်တွေ ပါဝင်ပါတယ်။ အာရုံကြောစနစ်ကို ကောင်းမွန်စေပြီး ထိခိုက်ဒဏ်ရာရခြင်းအတွက်လည်း ဆဲအသစ်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

(၂) အသီးအရွက်အမျိုးမျိုး

3

အသီးအရွက်အမျိုးမျိုးမှာလည်း တစ်ခုချင်းဆီအလိုက် အာရုံကြောကျန်းမာရေးကို ကောင်းမွန်စေတဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ အက်စစ်ဓာတ်တွေ ပါဝင်ပါတယ်။ အာရုံကြောချို့ယွင်းနေသူတွေအတွက် အားဖြည့်သဘာဝဆေးတွေ ဖြစ်ပြီး နေ့စဉ်ပုံမှန်စားသောက်ပေးရမှာ ဖြစ်ပါတယ်။

(၃) ငါးအမျိုးမျိုး

4

များသောအားဖြင့်တော့ ဆော်လမွန်ကဲ့သို့သော သမုဒ္ဒရာအအေးပိုင်းဇုန်မှာ ကျက်စားတဲ့ ငါးမျိုးတွေက ပိုသင့်တော်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ဒီလို ငါးမျိုးမရနိုင်တဲ့အတွက် ငါးသလောက်ကလွဲရင် ကျန်တဲ့ငါးတွေကို စားလို့ရနိုင်တယ်လို့ ဆိုပါတယ်။

(၄) အသားအမျိုးမျိုး

Meat

အသားအမျိုးမျိုးထဲမှာ ၀က်သားကိုတော့ ဖယ်ထုတ်စေချင်ပါတယ်။ ကျန်တဲ့ အသားတွေထဲမှာတောင် အလွန်အမင်းကြီး စားတာထက် နေ့စဉ် အနည်းငယ်စားပေးရုံနဲ့ အာရုံကြောစနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။

(၅) ဥအမျိုးမျိုး

5

ကြက်ဥအစရှိတဲ့ ဥအမျိုးမျိုးမှာလည်း ပရိုတင်းဓာတ်နဲ့ အခြားအာဟာရဓာတ်တွေ ပါဝင်ပါတယ်။ အာရုံကြောစနစ်ကို တိုက်ရိုက်အကျိုးသက်ရောက်မှုတွေ ပေးပြီး မိမိစားနိုင်သလောက် စားပေးလို့ရတယ်လို့ သိရပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

3.7 (27 Votes)