ဆံပင်တွေ တအားကျွတ်လို့ စိတ်ညစ်နေရတဲ့လူတွေအတွက် အိမ်မှာပဲ ပေါ့ပေါ့ပါးပါး လုပ်လို့ရမယ့် နည်းလမ်းလေးတွေကို မျှဝေချင်ပါတယ်။

ဆီလိမ်းပြီး ဦးရေပြားကို နှိပ်နယ်ပေးပါ။

ဆီလို့ ပြောလိုက်တဲ့အခါ သံလွင်ဆီနဲ့ အုန်းဆီသာ အကောင်းဆုံးလို့ ဆိုချင်ပါတယ်။ ဆံပင်ကျွတ်သက်သာစေမယ့် အထိရောက်ဆုံး နည်းလမ်းပါ။ တစ်ပတ်မှာ တစ်ကြိမ် ပြုလုပ်ပေးသင့်ပါတယ်။ စိတ်ကိုပေါ့ပါးစေပြီး ဆံသားကို တောက်စေပါတယ်။ ဆံပင်ကျွတ်ခြင်းကို သိသာစေနိုင်ပြီး ခေါင်းမလျှော်ခင် နာရီဝက်အလိုမှာ လုပ်ပေးတာ အကောင်းဆုံးပါပဲ။

အုန်းဆီ(သို့)အုန်းနို့

အုန်းဆီကတော့ မြန်မာတို့ရဲ့ရိုးရာ ခေါင်းလိမ်းဆီလို့တောင် ပြောလို့ရပါတယ်။ ဆံပင်ကျွတ်ခြင်းကို သက်သာစေရုံမက ဆံပင်ကိုလည်း စောစီးစွာ မဖြူစေပါဘူး။ အုန်းဆီ ဒါမှမဟုတ် အုန်းနို့နဲ့ ဦးရေပြားကို ကုသမယ်ဆိုရင်တော့ ပထမဦးစွာ အုန်းဆီကို နည်းနည်းလေး နွေးအောင်လုပ်ပါ။ ပြီးရင် ဆံပင်သားထဲကို လက်ချောင်းတွေ သုံးပြီး အုန်းဆီကို ထည့်ပါ။ နှိပ်ပေးပါ။ ပြီးရင် အိပ်ယာဝင်လိုက်ပါ။ မနက်မိုးလင်း အိပ်ယာထတာနဲ့ ခေါင်းလျှော်လိုက်ပါ။ တစ်ပတ်မှာ တစ်ကြိမ် ပြုလုပ်ပေးရင် ဆံသားမြဲစေပြီး ကောင်းမွန်စေပါတယ်။

ဆီးဖြူသီး

ဆီးဖြူသီးကို ထောင်းပြီး ထွက်လာတဲ့ သတ္တုရည်ကို လိမ်းပေးခြင်းဟာလည်း ဆံပင်ကျွတ် သက်သာစေပါတယ်။ ဆံပင်ဖြူတာနဲ့ ဆံပင်ပါးတာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ပြုလုပ်ပုံကတော့ ဆီးဖြူသီးတွေကို အရည်ရအောင် ပြုလုပ်ပါ။ ဆံပင်ထဲကို ထည့်ပြီး အသာလေး နှိပ်ပေးပါ။ တစ်နာရီလောက် ထားပြီး ရေနဲ့ ဆေးချလိုက်ပါ။

ကြက်ဥအကာ

ကြက်ဥအကာဟာလည်း ဆံသားကို ကောင်းမွန်စေနိုင်တဲ့ ရိုးရှင်းတဲ့ နည်းလမ်းတစ်ခုပါ။ ကြက်ဥအကာကို ယူပြီး ဆံသားကို လိမ်းပါ။ အနည်းငယ် နှိပ်ပေးပြီး ၁၅မိနစ်ကြာတဲ့ အခါ ရေဆေးချပါ။ ပျော့တဲ့ ခေါင်းလျှော်ရည်ကို သုံးပြီး ခေါင်းလျှော်ပေးပါ။ အနည်းဆုံး တစ်ပတ်ကို တစ်ခါ ပြုလုပ်ပေးပါ။ သိသိသာသာ ဆံပင်အကျွတ် နည်းလာပါလိမ့်မယ်။

Credit: yolyf