ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

ဝမ်းဗိုက်အဆီများကို ကျုံ့စေသောအစားအစာများ

August 2, 2016

ဝမ်းဗိုက်အဆီများကို ကျုံ့စေသောအစားအစာများ

Share this on:

အချို့အစားအသောက်က လူရဲ့ခန္ဓာကိုယ်အလေးအချိန်ကို မြင့်မားစေပြီး၊ အချို့အစားအသောက်တွေဟာ ကိုယ်အလေး
ချိန် ကျဆင်းစေတယ်၊ ဒီလိုပဲ အချို့အစားအသောက်တွေကတော့ ခန္ဓာကိုယ်ကို ပွယောင်းစေပြီး၊ အချို့ကတော့ ခန္ဓာ
ကိုယ် အဆီတွေ ကျုံ့စေပါတယ်။ အခု Shwemom ပရိသတ်ကြီးအတွက် ၀မ်းဗိုက်အဆီတွေကို ကြုံ့စေတဲ့ အစားအစာ (၅)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ပန်းသီး

2

ပန်းသီးမှာ အဓိကအားဖြင့်တော့ ဗီတာမင် C 10% အထိပါဝင်ပြီး ဗီတာမင် A, ကယ်လ်စီယံ, သံဓာတ် 1% စီပါဝင်ပါ
တယ်။ ပန်းသီးမှာပါတဲ့ ဗီတာမင် C ဟာ ခန္ဓာကိုယ်အလေးချိန်ကို ကျဆင်းစေပြီး ၀မ်းဗိုက်အဆီတွေကို အချိန်တို
အတွင်း အမြန်ကျုံ့စေပါတယ်။

(၂) ရေခဲကော်ဖီ

3

ရေခဲကော်ဖီဟာ ၀မ်းဗိုက်ကြွက်သားတွေကို ကျုံ့စေတဲ့ သတ္တိရှိပါတယ်။ ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်ဟာ ရေခဲနဲ့ပေါင်း
စည်းလိုက်တဲ့အခါ ဗိုက်အဆီတွေကို သာမာန်ကော်ဖီတစ်ခွက်ထပ် ပိုပြီး လျှင်မြန်စွာ ကြုံ့စေပါတယ်။

(၃) စပျစ်သီးဖျော်ရည်

4

ဗီတာမင်များပြားစွာပါဝင်တဲ့ စပျစ်သီးမှာ ကိုလင်း၊ ဗီတာမင် C,,E,K စတဲ့ဓာတ်တွေ ပါဝင်ပါသေးတယ်။ ဒါ့အပြင် ကယ်လ်စီယံ၊ မဂ္ဂနီစီယံ၊ ဖော့စဖောရပ်စ်၊ ပိုတက်စီယံ-စတဲ့ အဖိုးတန် သတ္တုဓာတ်တွေလည်း ပါဝင်လို့ ခန္ဓာကိုယ်အဆီကို ချပေးတဲ့အပြင် ၀မ်းဗိုက်အဆီတွေကို ကြုံ့စေပါတယ်။

(၄) အစိမ်းရောင်ရှိ ဟင်းသီးဟင်းရွက်တွေ

5

အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေမှာ အများအားဖြင့်တော့ ဗီတာမင် A,C,E,K, B1, B12 စတဲ့ဓာတ်တွေ ပါဝင်ပါ
တယ်။ ဒါကြောင့် အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို ပုံမှန်စားသုံးပေးပါကလည်း ၀မ်းဗိုက်ကို အဆီကျစေပါ
တယ်။

(၅) လိမ္မော်မျိုးရင်းဝင်အသီးများ

6

အဆီချရာမှာ မပါမဖြစ်စားပေးရတဲ့ လိမ္မော်မျိုးရင်းဝင် အသီးတွေမှာ အမျှင်ဓာတ်၊ ဗီတာမင် C အဓိက ပါဝင်ပါတယ်။ အဆီ
ကို အမြန်ကျစေပြီး၊ ၀မ်းဗိုက်အဆီတွေကိုလည်း အချိန်တိုအတွင်း ကျုံ့စေနိုင်ပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

3.6 (28 Votes)