မြန်မာနိုင်ငံဆိုတာနဲ့ နိုင်ငံတကာ က မုန့်ဟင်းခါးနဲ့ လက်ဖက်သုပ်ကို တန်းပြီးပြေးမြင်တတ်ကြပါတယ်။ မုန့်ဟင်းခါးနဲ့ လက်ဖက်သုပ်အပြင် ကမ္ဘာမှာနာမည်ကြီးနေတဲ့ မြန်မာ အစားစာတချို့ကို မြည်းစမ်းကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

လက်ဖက်သုပ်

မြန်မာနိုင်ငံမှာ နာမည်ကြီး အဆာပြေ အစားအစာက လက်ဖက်သုပ်ဖြစ်ပါတယ်။ လက်ဖက်ရွက်တွေကို နှပ်ထားပြီးတော့လုပ်ထားတာဖြစ်ပါတယ်။ ချဉ်ပြီး ခါးသပ်သပ်ရှိတဲ့လက်ဖက်ရွက်တွေကို ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ မြေပဲ၊ အခွံမာအသီး၊ ကြက်သွန်ဖြူ၊ ဆီ၊နှမ်း တို့နဲ့ သုပ်ထားပြီး ကြက်သွန်ဖြူလေး ကိုက်ပြီးစားလိုက်ရရင်တော့ ဆွေမျိုးမေ့ဖြစ်သွားမယ်နော်။

ဧည့်သည်လာရင် ဒီနေ့အထိ ရေနွေးကြမ်းလေးနဲ့ လက်ဖက်သုပ်လေးချပေးလေ့ရှိတာလည်း မြန်မာဓလေ့တစ်ခုပါပဲနော်။ ရေးရင်းနဲ့တောင် ဗိုက်ဆာလာပါပြီ…..

ငါးထမင်းနယ်

နနွင်း၊ ငါး၊ ရှမ်းဆန်တို့နဲ့ ချက်ပြုတ်ထားတဲ့ ငါးထမင်းနယ်ကလည်း နိုင်ငံတကာမှာ နာမည်ကြီး မြန်မာဟင်းလျာတစ်မျိုးပါ။

နန်းကြီးသုပ်

ခေါက်ဆွဲနဲ့ပြုလုပ်ထားတဲ့ နန်းကြီးသုပ်ကို ကြက်သားအနှစ်လေးတွေနဲ့ စားရတာ အရမ်းကို စားကောင်းပါတယ်နော်။

မုန့်ဟင်းခါး

မြန်မာနိုင်ငံဆိုရင် မုန့်ဟင်းခါးကို တွဲပြီးမှတ်မိတတ်ကြပါတယ်။ မုန့်ဟင်းခါးအရည်ကို ငါးနဲ့ ချက်ပြုတ်ပြီး ငှက်ပျောအူလည်းထည့်ကြပါတယ်။ ပြီးမှ မုန့်ဖက်နဲ့ထည့်ပြီး အရည်နဲ့ စားကြတာပါ။

စာရေးသူကတော့ မုန့်ဟင်းခါးကို အိုးဘဲဥရယ်၊ ငါးဖယ်ရယ်နဲ့တစ်ခါစားရင် ၂ ပွဲလောက်စားမှ ဝတာနော်။

အကြော်များ

မြန်မာလူမျိုးတွေက အကြော်တွေကို စားကြတာလည်းများပါတယ်။ အထူးသဖြင့် လက်ဖက်ရည်သောက်တဲ့နေ့ခင်း အဆာပြေဆာ စားတဲ့အချိန်တွေမှာ အကြော်နဲ့ လက်ဖက်ရည်၊ ရေနွေးကြမ်းတို့ကို သောက်ကြပါတယ်။

ဘိန်းမုန့်အဖြူ

ဘိန်းမုန့်အဖြူကိုလည်း နိုင်ငံတကာမှာလူကြိုက်များပါတယ်။ Burmese Pancake လို့လည်း ခေါ်ကြပါတယ်။

Photo Credit: CNN Travel