အစာအာဟာရကို မျှတစွာ အချိန်မှန်မှန် စားပေးက ကျန်းမာရေးအတွက် တကယ်ကို အရေးကြီးပါတယ်။

အစာအစားတွေကို စားပေးရုံနဲ့တင်မလုံလောက်ပါဘူး။ စားသင့်တဲ့အချိန်နဲ့ ကိုက်ညီစွာ စားပေးဖို့လည်းလိုအပ်ပါတယ်။

တချို့ အစားအစာတွေက မနက်ခင်းမှာ စားသင့်သလို၊ တချို့ အစားအစာတွေက ညနေခင်းမှာ စားမှ ကျန်းမာရေးအတွက် သင့်တော်တာမျိုးလည်းရှိပါတယ်။

ထမင်း

အာဟာရပညာရှင်တွေက အမြဲလိုလို ထမင်းကို ညဘက်မှာ မစားဖို့ ပြောတာတွေ ကြားဖူးမှာပါ။ ထမင်းက ကစီဓာတ်ပါဝင်မှုများတာကြောင့် ညဘက်မှာ စားရင် ကိုယ်အလေးချိန်တက်တာ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာပြီး ညဘက်ကို ကောင်းစွာ အိပ်မပျော်နိုင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။

မြန်မာလူမျိုးတွေကတော့ ထမင်းကို ညဘက်မှာပါ စားလေ့ရှိပေမယ့် ကစီဓာတ်များတာကြောင့် လျော့စားဖို့တော့လိုအပ်ပါတယ်။

ဘယ်အချိန်မှာ စားဖို့ အသင့်တော်ဆုံးလဲ

ထမင်းကို ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် အများဆုံး အသုံးပြုတဲ့ ၊ အမြင့်ဆုံးဖြစ်နေတဲ့ နေ့ဘက်မှာ စားသုံးသင့်ပါတယ်။

နွားနို့

နွားနို့မှာ ပရိုတင်းဓာတ်နဲ့ တခြား အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အာဟာရရှိတဲ့ အစားအစာဖြစ်ပါတယ်။ နွားနို့ သောက်ပြီးရင် အစာခြေဖို့ ကြာမြင့်တာကြောင့် လူကို အိပ်ချင်သလိုလို နုံးသလိုလိုဖြစ်စေပါတယ်။

နွားနို့ကို သောက်ဖို့ အကောင်းဆုံးအချိန်က ညဘက်ဖြစ်ပြီး ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်စေကာ အလွယ်တကူ အိပ်ပျော်နိုင်အောင် ကူညီပေးပါတယ်။

Green Tea

Japanese Green Tea

Green Tea မှာ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် လူတွေတော်တော်များများက သောက်သုံးကြပါတယ်။

ဒါပေမယ့် Green Tea ကို သောက်သုံးသင့်တဲ့ အချိန်မှာ သောက်မှသာ သူ့မှာပါဝင်တဲ့ အာဟာရဓာတ်တွေကို သေချာ ရရှိမှာဖြစ်ပါတယ်။

မနက်ခင်း အစောကြီးပိုင်း ဗိုက်ထဲမှာ ဘာ အစာမှမရှိခင်မှာ အစာအိမ်ထဲမှာ အက်ဆစ်ဓာတ်နိုင်ပါတယ်။ အဲ့ဒီအပြင် ကဖိန်းဓာတ်များတာကြောင့် ရေဓာတ်ခမ်းခြောက်နိုင်ပါတယ်။

Green Tea ကို ဗိုက်ထဲမှာ ဘာအစာမှမရှိခင် မနက်အစောကြီးကလွဲရင် တစ်နေ့လုံးကြိုက်တဲ့အချိန် သောက်သုံးနိုင်ပါတယ်။