ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

အသက်အရွယ်ကို ပိုပြီးအိုမင်းစေတဲ့အစားအစာများ

August 6, 2016

အသက်အရွယ်ကို ပိုပြီးအိုမင်းစေတဲ့အစားအစာများ

Share this on:

အချို့သော စားစရာတွေဟာ လူကို ကောင်းကျိုးပေးတာနည်းပြီး အ၀လွန်ခြင်း၊ ၀က်ခြံတင်းတိပ် ထွက်စေခြင်း၊ အသက်အရွယ်ကို ရှိရင်းစွဲထက် ပိုကြီးတယ်လို့ အထင်ရောက်စေခြင်းတို့ ဖြစ်ပေါ်စေပါတယ်။ အခု Shwemom ပရိသတ်ကြီးအတွက် စားလိုက်တာနဲ့ အဲဒီအစားအစာတွေရဲ့ သက်ရောက်မှုတွေကြောင့် အသက်အရွယ်ပိုပြီးကြီးရင့်တယ်လို့ အထင်ရောက်စေတဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Hydrogenated Oils ပါသော အစားအစာများ

2

Hydrogenated Oils ကို လွယ်လွယ်ပြောရရင် မသန့်တဲ့ဆီနဲ့ ကြော်ထားတဲ့ အစားအစာတွေပေါ့။ ဆီတွေကို ပြန်လည်ပြု
ပြင်လိုက်တဲ့အခါ ဒါမှမဟုတ် ခဏခဏ ပြန်ကြော်ဆီလုပ်လိုက်တဲ့ အခါမျိုးမှာ ဟိုက်ဒရိုဂျင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်သွားပါတယ်။ ဒီနေရာမှာ တစ်ခု ထည့်သွင်းပြောချင်တာက သန့်တယ်ဆိုတဲ့ဆီကို အလွန်အကျွံစားရင်လည်း အရွယ်ရင့်ရော်မှုကို ဖြစ်စေတယ်ဆိုတာပါဘဲ။ မသန့်တဲ့ဆီနဲ့ ကြော်ထားတယ်လို့ ယူဆရတဲ့ အစားအစာတွေကတော့ ဆီနဲ့ကြော်ထားတဲ့ သွားရေစာမျိုးစုံ၊ မိမိကိုယ်တိုင် စနစ်တကျချက်ပြုတ်ထားတာမဟုတ်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။

(၂) ဆားများသော အစားအစာများ

ဆားဓာတ်လွန်ကဲ့အစားအစာတွေကို များများစားတဲ့သူတွေကလည်း အရွယ်ရင့်ရော်စေနိုင်ပါတယ်။ မြန်မာတွေမှာ မပါမဖြစ် ဟင်းလျှာတွေဖြစ်တဲ့ ငန်ပြာရည်၊ ငါးပိရည်၊ ငါးပိ၊ ပုဇွန်ခြောက်၊ ငါးခြောက်-စတာတွေဟာ ဆားဓာတ်လွန်ကဲတဲ့ အစားအစာတွေ ဖြစ်ပါတယ်။

(၃) ပြုပြင်ထားသော အသားများ

3

ဆီသွပ်ဘူးထဲကို ဓာတ်အရပြုပြင်ပြီးထည့်ထားတဲ့ အသားအမျိုးမျိုး၊ ဆီသွပ်အစားအစာ အမျိုးမျိုး၊ ကြက်အူချောင်း၊ ၀က်အူချောင်း-စတာတွေမှာလည်း သက်မှတ်ပမာဏထက် ကျော်လွန်တဲ့ လွန်ကဲအာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ဒါတွေလည်း ရှောင်ကြဉ်ရမှာပါ။

(၄) အရက်

အရက်က အရွယ်ကို အိုမင်းရင့်ရော်စေတယ်ဆိုတာကိုတော့ အထူး ပြောစရာ မရှိပါဘူး။ သင်နဲ့ သက်တူရွယ်တူထဲကပဲ အရက်ကို အလွန်အကျွံသောက်တဲ့သူရဲ့ ရုပ်ရည်နဲ့ သင့်ရုပ်ရည်ကို အရင်ယှဉ်ကြည့်လိုက်ပါ။ ဒါက အကောင်းဆုံး ဥပမာဖြစ်ပါလိမ့်မယ်။

(၅) အဆိပ်အတောက်ပါသော အစားအစာများ

4

အဆိပ်အတောက်ပါတဲ့ အစားအစာကို အနီးစပ်ဆုံးပြောရင်တော့ ဓညင်းသီးပါဘဲ။ ဓညင်းသီးထဲမှာ အဆိပ်အတောက်ဖြစ်စေတဲ့ အက်စစ်ဓာတ်တွေ၊ ဘေးထွက်ဆိုးကျိုးကို ဦးတည်စေနိုင်တဲ့ ဓာတ်တွေ များစွာပါဝင်ပါတယ်။ ရှောင်နိုင်ရင် ရှောင်ဖို့လိုပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

3 (6 Votes)