အမျိုးသမီးတွေရဲ့ အိပ်မက်ဟာ အသားအရေလှပပြီး ကျန်းမာစေဖို့ပဲ ဖြစ်ပါတယ်။ ဒီနှစ်ခုစလုံး ပြည့်စုံဖို့ အတွက် သွေးသားကောင်းမွန်ခြင်းဟာ အဓိက ကျပါတယ်။ အမျိုးသမီးတွေရဲ့ ဟော်မုန်းဓာတ် ညီမျှပြီး သွေးသားကောင်းမွန်တဲ့ အခါ ကျန်းမာစေပြီး အလှတိုးစေနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ အတွက် ရှောင်သင့်တဲ့ အစားအစာ ၅မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
သကြား
သကြားဟာ ရန်သူတစ်ပါးထဲက တစ်ခုပါ။ သူရဲ့ အဓိက ပြဿနာကတော့ ဆီးချိုတက်စေပြီး ၀စေပါတယ်။ ဟော်မုန်းတွေကို ကမောက်ကမ ဖြစ်စေပြီး အသည်း၊ ပန်ကရိယက်နဲ့ အစာချေစနစ်ကိုလည်း နှောင့်ယှက်စေပါတယ်။ သကြားဟာ အမျိုးသမီးတွေ ရှောင်သင့်တဲ့ ပထမဦးစားပေးပါ။
အယ်ကိုဟော
အယ်ကိုဟောဓာတ်ပါတဲ့ အရက်၊ ဘီယာတွေကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပါတယ်။ အယ်ကိုဟောဓာတ်ဟာ ကိုယ်တွင်းရေဓာတ်ကို ခန်းစေတဲ့ အတွက် ကလီစာတွေရဲ့ လုပ်ဆောင်ချက်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။
ကဖင်းဓာတ်
အမျိုးသမီးတွေဟာ ကဖင်းဓာတ်ကို ရှောင်ရှားသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကဖင်းဓာတ်နည်းခြင်းဟာ ဟော်မုန်းတွေ ညီမျှဖို့အတွက် ကူညီပေးနိုင်ပါတယ်။
အချိုများတဲ့ အစားအစာ
သွးထဲက အချိုဓာတ်ဟာ ဟော်မုန်းကို ညှိပေးနိုင်တဲ့ အရေးအကြီးဆုံး တစ်ခုပါ။ အချိုများတဲ့ အစားအစာတွေဟာ သည်ဖြစ်စဉ်ကို အနှောင့် အယှက်ဖြစ်စေပါတယ်။ ပေါင်မုန့်ဖြူ၊ ကိတ်မုန့်၊ သကြားနဲ့ အချိုရည်တွေဟာ အမျိုးသမီးတွေ အတွက်တော့ ရှောင်ရှားသင့်တဲ့ အစားအစာတွေပါပဲ။
Source: homehealthyrecipes