ချစ်သူ/ရည်းစားဆီက အဖြေရပြီးကာစ တစ်ဦးကို တစ်ဦး ရှိန်နေတဲ့ အချိန်ကာလလည်း ဖြစ် ပထမဆုံး တွေ့ရမှာမို့ ရင်ခုန် စိတ်လှုပ်ရှားနေတဲ့ အချိန်ကို လူတိုင်း နီးပါး ဖြတ်သန်း ဖူးကြမှာပါ။ ဒီလို အချိန်မျိုးမှာ စားသောက်ဆိုင်ကို ရွေးရသလို အစားအသောက်တွေကိုလည်း ရွေးချယ်ရပါမယ်။ ကဲ..မိတ်ဆွေတို့ရော ကိုယ်ရဲ့ ချစ်သူနဲ့ ပထမဆုံး တွေ့တဲ့ နေ့မှာ ဘာတွေ စားခဲ့လဲဆို မှတ်မိကြရင် မန့်ခဲ့နော်။

ချစ်သူနဲ့ ပထမဆုံး တွေ့တဲ့ ရက်မှာ ရှောင်သင့်တဲ့ အစားအစာတွေကတော့

lobster

၁။ ဂဏန်း နဲ့ ပုဇွန်ထုပ်ကြီး

ဂဏန်းချက်နဲ့ ပုဇွန်းထုပ်ကြီးတွေဟာ စားရတာ အနည်းငယ် ခက်ခဲပါတယ်။ သိပ်ရင်းနှီးသလို ဖြစ်မနေသေးတဲ့ အတွက် ဒီထက် ပေါ့ပါးတဲ့ အစားအစာကို ရွေးချယ်သင့်ပါတယ်။

corn-on-the-cob

၂။ ပြောင်းဖူး

ပြောင်းဖူးကို အဖူးလိုက် ကိုက်စားဖို့ စီစဉ်တဲ့ အစားအစာတွေကို ရှောင်ပါ။ မြင်ယောင်ကြည့်တာနဲ့တင် အဆင်မပြေလှပါဘူး။

spaghetti

၃။ စပါကတီ

စပါကတီ ဟာ ရိုမန့်ဆန်ပြီး အရသာ ကောင်းတဲ့ အီတလီအစားအစာ တစ်ခုအဖြစ် သင်ရဲ့ ပထမဆုံး ချိန်တွေ့မှုမှာ ရွေးမယ်ဆိုရင် မှားပါလိမ့်မယ်။ အမျှင်တန်းနေတဲ့ ခေါက်ဆွဲ ဖတ်တွေဟာ သင့်ကို စိတ်အနှောင့်အယှက် အနည်းငယ်တော့ ပေးပါလိမ့်မယ်။ နောက်တခါ ချိန်းတွေ့မှာသာ ရွေးပါနော်။

enhanced-28938-1433871537-15

၄။ အသားတုံး ကြီးကြီးတွေ ပါတဲ့ အစားအစာ

ကိုက်ရ၊ ဖဲ့ရ ခက်ပြီး ဖြတ်ပြီး မလွယ်တဲ့ အတုံးကြီးကြီးတွေကို ရှောင်ပါ။ ချစ်သူရှေ့မှာ အံကြိတ် လှီးရမယ့် အချိန်ဟာ အဆင်မပြေလှပါဘူး။

gigantic-sandwiches-and-subs

၅။ ဟမ်ဘာဂါ

ဘာဂါလိုမျိုး အစားအစာတွေဟာ ချစ်သူရှေ့မှာ စားဖို့ အဆင်မပြေဆုံး အစားအစာပါ။ တကယ်လို့များ ကိုယ်ဟာ ဒီလို အစားအစာတွေကို မှာမိထားပြီဆိုရင်တော့ ခက်ရင်းနဲ့ ဒါးကိုသာ တောင်းထားပါ။ မဟုတ်ရင်တော့ သင်ရဲ့ သွားတွေ၊ အဝတ်အစားတွေဟာ ပေကျံကောင်း ပေကျံသွားပါလိမ့်မယ်။

chicken-wings

၆။ ကြက်တောင်ပံ

သင်ရဲ့ ပထမဆုံး တွေ့ဆုံမှုကို ဒီထက်ပိုပြီး ကြည်နူးပျော်ရွှင်ချင်တယ်ဆိုရင်တော့ ကြက်တောင်ပံတွေကို မရွေးချယ်ပါနဲ့။ လွတ်လွတ်လပ်လပ် အိမ်မှာပဲ စားပါလို့ အကြံပြုပါရစေ။

garlic-eating-on-date

၇။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူများတဲ့ အစားအစာတွေကို မှာစားလိုက်ခြင်းဟာ စကားပြောတဲ့ အခါ သင်ရဲ့ ချစ်သူကို စိတ်အနှောင့်အယှက် ဖြစ်စေပါလိမ့်မယ်။ မြန်မာတွေ အတွက်ဆိုရင်တော့ ဒညင်းသီး ပါ အဆစ်ထည့်လိုက်ပေါ့နော်။

သင်ရဲ့ ချိန်းတွေ့ချိန်မှာ ဘယ်အစားအစာကိုပဲ မှာမှာ သင်တို့အတူ မျှဝေခံစားပြီး ကြည်နူးစေနိုင်မယ့် နေရာထိုင်ခင်းကို ရွေးချယ်ပါ။ ပေါ့ပေါ့ပါးပါးနဲ့ စားသောက်ရင်း စကားပြောလို့ ရမယ့် အစားအစာတွေကို မှာယူပါ။ ကဲ ပျော်ရွှင်ဖွယ် ပိတ်ရက်လေးကို ချစ်သူနဲ့ အတူ ဖြတ်သန်းနိုင်ကြပါစေ။

Source: mostluxuriouslist