ဒီကနေ့ခေတ်မှာ ကျွန်မတို့လူသားတွေဟာ မျှော်လင့်ချက် အိပ်မက်တွေအတွက် ရုန်းကန်နေရရင်း အလုပ်တွေ မအားလပ်တာကြောင့် ကျန်းမာရေးကို ဂရုစိုက်ဖို့ မေ့လျော့လာကြပါတယ်။

ကျန်းမာရေးကို ဂရုစိုက်တယ်ဆိုရာမှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစာစားပေးဖို့ သိပ်ကို အရေးကြီးပါတယ်။ တစ်နေ့တာလုံးအတွက် ပျော်ရွှင်တက်ကြွစွာနဲ့ အားအင်အပြည့်ရှိစေဖို့အတွက် မနက်စာစားသုံးဖို့လိုအပ်ပါတယ်။

Breakfast

ဒိန်ချဉ်

ဒိန်ချဉ်ကို မနက်စာအဖြစ် ပုံမှန်စားပေးတာဟာ ကယ်လ်ဆီယမ်ဓါတ် ဗီတာမင် B အုပ်စုတွေ ကြွယ်ဝစေလို့ သိပ်ကိုကောင်းမွန်ပါတယ်။ ပရိုတင်းဓါတ် နှစ်ဆ ရရှိစေပြီး ကယ်လိုရီတွေကို လှောင်ကျွမ်းစေပါတယ်။ ဒိန်ချဉ်ကို အရသာရှိတဲ့ ဘယ်ရီသီးတွေ၊ ငှက်ပျောသီး၊ အခွံမာသီးတွေနဲ့ရောပြီး စားသုံးပေးနိုင်ပါတယ်။

အသီးအနှံ

အသီးအနှံတွေကိုစားပေးတာဟာ မနက်ခင်းအတွက် လုံလောက်တဲ့အားအင်ကိုရှရိစေပါတယ်။ အသီးဖျော်ရည် လတ်လတ်ဆတ်ဆတ်ကို ဖျော်သောက်တာပဲဖြစ်ဖြစ် အသီးကိုစားတာပဲဖြစ်ဖြစ် အမျှင်ဓါတ်တွေကြွယ်ဝစွာရရှိစေလို့ အစာချေစနစ်ကိုကောင်းမွန်စေပြီး ဝမ်းမှန်စေမှာပါ။ Antioxidant တွေလည်းကြွယ်ဝစွာပါဝင်လို့ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

ကြက်ဥ

ကြက်ဥပြုတ်ပဲဖြစ်ဖြစ် ကြက်ဥကြော်ပဲဖြစ်ဖြစ် မနက်ခင်းမှာစားသုံးပေးသင့်ပါတယ်။ ကြက်ဥအကာမှာဆိုရင် ပရိုတင်းဓါတ်နဲ့ ရေဓါတ်ပါဝင်ပြီး ကြက်ဥအနှစ်မှာတော့ ဗီတာမင် A နဲ့ B အုပ်စုတွေပါဝင်ပါတယ်။ ကြက်ဥပြုတ်မစားချင်သူတွေကတော့ ကြက်ဥကို အသီးအရွက်များများနဲ့ ကြော်စားပါ။ နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါသေးတယ်။

Cereal ကောက်နှံ (သို့) နှံစားသီးနှံ

index

အနောက်တိုင်းနိုင်ငံတွေမှာ မနက်စာအဖြစ် ဆီရီရယ်ကို စားသုံးပေးကြပါတယ်။ ကျောင်းတွေ ဟော်တယ်တွေ ကိုယ်ဝန်ဆောင်မိခင်တွေအားလုံး အဟာရပြည့်ဝဖို့အတွက် စားသုံးပေးကြတဲ့ အစားအစာပါ။

ကောက်နှံ (သို့) နှံစားသီးနှံ နဲ့ပြုလုပ်ထားတာဖြစ်ပြီး နွားနို့၊ ကြက်ဥ၊ ဒိန်ချဉ်၊ အသီးအနှံ (သို့) အခွန်မာသီးတွေနဲ့ရောပြီး စားသုံးပေးတဲ့ Cereal ချစ်သူတွေအတွက် အကောင်းဆုံး မနက်စာပါပဲ။ တစ်နေ့တာလုံးအတွက်လိုအပ်တဲ့ အဟာရအားအင်တွေကိုရရှိစေမှာဖြစ်ပါတယ်။

ဆီရီရယ်မှာ ဗီတာမင်တွေ၊ ဓါတ်ဆားတွေ၊ ကစီဓါတ်တွေ ပရိုတင်းဓါတ်တွေအပြည်အစုံပါဝင်ပါတယ်။ ဆီရီရယ်ရှိနေမှတော့ ဘာလိုသေးလဲကွယ်။ အပေါ်မှာဖော်ပြခဲ့တဲ့ အစားအစာတွေလည်း ထည့်သွင်းစားသုံးလို့ရတော့ ပြီးပြည့်စုံတဲ့မနက်စာတစ်ခုပါပဲ။