အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါတော့ အစပ်မပါရင် ထမင်းမစားတတ်ဘူးဆိုသူများအတွက် လိုက်ဖက်မယ့် အရံဟင်းအမယ်လေးပါ။ သံပုရာသီးနဲ့ ငရုတ်သီးကို ရောစပ်ပြီးထောင်းထားတာကြောင့် ချဉ်ချဉ်စပ်စပ်လေးနဲ့ ထမင်းစားတဲ့အခါ ခံတွင်းအလွန်တွေ့မှာပါ။

ပါဝင်ပစ္စည်းများ

  • ငရုတ်သီးစိမ်း ၂၀တောင့်ခန့်
  • ကြက်သွန်ဖြူ ၅တက်
  • ပုစွန်ခြောက် ၁ဇွန်း
  • နံနံပင် နှင့် နံနံပင် ၅ပင်ခန့်စီ
  • သံပုရာသီး ၁လုံး

ပြုလုပ်နည်း

ငရုတ်သီးစိမ်းကို အညှာခြွှေပြီး၊ ပုစွန်ခြောက်၊ ကြက်သွန်ဖြူ တို့နှင့် အတူရောပြီး လှော်ပါ။

နံနံပင်၊ ရှမ်းနံနံတို့ကို ရေဆေးပြီး၊ ရေစစ်ကာ ပါးပါးလှီးထားပါ။

လှော်ထားသော အရောကိုဆားတို့နှင့် အတူ ညှက်စေးနေအောင်ထောင်းပါ။

ပါးပါးလှီးထားသော ရှမ်းနံနံကို ဦးစွာ ထည့်ထောင်းပြီး ညှက်ပါမှ နံနံပင်လေး ထည့်ထောင်းပါ။

စားသုံးခါနီးမှ သံပုရာရည် လတ်လတ်ဆတ်ဆတ်လေး ညှစ်ပေးပါ။

အလွတ် သုံးဆောင်လိုသူများ ပုစွန်ခြောက် ရှောင်နိူင်ပြီး ဆား၊ဟင်းခတ်မှုန့်ကို အသုံးပြုပါ။

Credit: ဟင်းချက်နည်းများ with Lay Thu