နွားနို့ခဲကို ချက်ပြီးစားတာက အချို့သူများအတွက်တော့ တရင်းတနှီးရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း အမြဲသောက်သုံးနေကြ နွားနို့ကို ခဲထားပြီး ပြန်လည်ချက်ပြီးစားသုံးတာကြောင့် အရသာမရှိမှာတော့ ပူစရာမလိုပါဘူး။ အရသာတမျိုးလေးထူးကဲပြီး စားလို့ကောင်းတာကြောင့် အချိန်ရတဲ့အခါ ချက်စားကြည့်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

နို့ခဲ

ကြက်သွန်နီ အရောင်တင် ငံပြာရည်

ကြက်သွန်ဖြူ

ခရမ်းချဉ်သီး

ငံပြာရည်

ဆနွန်းမှုန့်

အရောင်တင်မှုန့်

ပုဇွန်ခြောက်

ငရုတ်သီးစိမ်း

ဗမာနံနံ

ဆီ

ဆား

ပြုလုပ်နည်း

နို့ခဲ ကို လိုသလို လှီးထားပါ။

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ဆနွင်း၊ အရောင်တင်မှုန့် အနဲငယ် နဲ့ ငံပြာရည် နဲနဲ ထည့်ပြီး ဆီသက်ပါ။

ဆီသပ်ပြီးလျှင် နို့ခဲ နှင့် ပုဇွန်ခြောက် ထည့်ပြီး ရေကို လိုသလောက် ထည့်၍တည်ပါ။

ရေဆူာလျှင် အချိုအငံ မြည်းပြီး ငရုတ်သီးစိမ်း နှင့်ဗမာနံနံ အုပ်ပြီး သုးံဆောင် နိင်ပါသည်။

Credit: Daw Suu Suu