ပါဝင်ပစ္စည်းများ

  • ရေချိုပုစွန်ထုပ် (River Prawn) = 800 g ( ၅၀ ကျပ်သား )
  • ပုစွန်ခြောက် (Dried Shrimp) = 80 g ( ၅ ကျပ်သား )
  • ကြက်သွန်ဖြူ (Garlic) = 5 cloves ( ၅ တတ် )
  • ကြက်သွန်နီ (Onion) = 2 cloves ( ၂ လုံး )
  • ချင်း (Ginger) = 50 g ( ၃ ကျပ်သားခန့်)
  • စပါးလင် (Lemon Grass) = 2 Stalk ( ၂ ပင် )
  • ငရုပ်ပွခြောက် (Dried Chili) = 3 ( ၃ တောင့် )
  • ငါးငံပြာရည် (Fish Sauce) = 1 tbsp ( ၁ စားပွဲတင်ဇွန်း )
  • နနွင်းမှုန့် (Ground Turmeric) = 1 tsp ( ၁ လ္ဘက်ဇွန်း )
  • ခနောကြက်သားမှုန့် (Knorr Chicken Powder) = 2 tsp ( ၂ လ္ဘက်ဇွန်း )
  • ပဲဆီသန့် (Peanut Oil) = 5 tbsp ( ၅ စားပွဲတင်ဇွန်း )
  • ငရုပ်သီးစိမ်း (Bird’s Eye Chili) = 10 ( ၁၀ တောင့် )
  • နံနံပင် (Coriander Leaves) = a little ( အနည်းငယ် )
  • သံပုရာသီး (Lime) = 1 ( ၁ လုံး )
  • ရေသန့် (Water) = ½ Liter ( ဝ.၅ လီတာ )
  • ငရုပ်ကောင်းမှုန့် (Crushed Black Pepper) = a little ( အနည်းငယ် )

ပြင်ဆင်ချက်ပြုတ်ပုံအညွှန်း

  1. ရေချိုပုစွန်ထုပ်ကို အခွံနွှာသန့်စင်ပြီး သံပုရာရည် ၊ ခနောကြက်သားမှုန့်၊ နနွင်းမှုန့်၊ ငါးငံပြာရည် အနည်းငယ်တို့ဖြင့် ၁၅ မိနစ်ခန့်အရသာသွင်းထားပါ။
  2. ကြက်သွန်ဖြူ ၊ ကြက်သွန်နီ၊ ချင်း နှင့် ငရုပ်ပွခြောက် တို့ကို ဟင်းအနှစ်ဖြစ်အောင် ပုစွန်ခြောက် အနည်းငယ်ဖြင့် ရော ထောင်းပါ ။ငရုပ်သီးစိမ်း နှင့် နံနံပင် ကိုရေခဲရေအနည်းငယ်ဖြင့်စိမ် ထားပါ။
  3. အိုးတစ်လုံးကိုအပူပေးပြီး ပဲဆီသန့်၊ နနွင်းမှုန့်အနည်းငယ် ၊ စပါးလင် တို့နှင့် အသင့်ထောင်းထားသောငရုပ်သီးအနှစ်ကို ငါးငံပြာရည် အနည်းငယ်ဖြင့်ဆီသတ် ပါ။
  4. ငရုပ်သီးအနှစ် ကျက်လျှင် အသင့်အရသာသွင်းထားသော ရေချိုပုစွန်ထုပ် ကိုထည့်ချက်ပြီး ဆီပြန်လာသည်အထိမီးပျော့ပျော့ ဖြင့်ဆီသတ်ချက်ပါ။
  5. ရေချိုပုစွန်ထုပ် ဆီပြန်လျှင် ငရုပ်ကောင်းမှုန့်ထည့်ချက်ပြီး ရေသန့်အနည်းငယ်ဖြင့် ရေချိုပုစွန်ထုပ် နူးသည်အထိချက်ပေးပါ။ ရေချိုပုစွန်ထုပ်နူးလျှင် ငရုပ်သီးစိမ်း နှင့် နံနံပင် အုပ်ရျွ် တည်ခင်းနိုင်ပါသည်။

Knorr