Kitchen Tips | Tips & Stories

ချစ်စရာကောင်းတဲ့ ဖရဲသီးကိတ် စားကြမယ်

October 21, 2016

ချစ်စရာကောင်းတဲ့ ဖရဲသီးကိတ် စားကြမယ်

Share this on:

ဧည့်သည်လာတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ် ပါတီပွဲမှာဖြစ်ဖြစ် အသီးတွေကို လှလှပပ ပြင်ပြီး ဧည့်ခံကြရအောင်ပါ။ မျက်နှာပန်းလှပြီး မြင်တဲ့သူတိုင်း စားချင်စဖွယ် ဖြစ်နေမယ့် အသီးပုံစံလေးတွေပါ။ ဒီတပတ်မှာတော့ ဖရဲသီးကို အမြင်တမျိုးနဲ့ ပြုလုပ်ကြည့်ကြပါစို့။ ဒီ ချစ်စရာ ပုံစံလေးကိုတော့ ဖရဲသီးကိတ်လို့ ခေါ်ပါတယ်။

watermelon-wedge-with-watermelon-balls

နည်းလမ်းကတော့ လွယ်ကူပါတယ်။ လိုအပ်တဲ့ ပစ္စည်းကလည်း သိပ်မရှိပါဘူး။

– ဖရဲသီးလတ်လတ်ဆတ်ဆတ် တစ်လုံး
– ဓါးတစ်ချောင်း
– ဇွန်းအလုံးအ၀ိုင်း (မီးဖိုချောင်သုံးပစ္စည်းရောင်းတဲ့နေရာတွေမှာ ရှာကြည့်ပါ။)
– ပူစီနံ အခက် အနည်းငယ် (အလှဆင်ရန်)

watermelon-cake-how-to1

ပထမဦးစွာ ဖရဲသီးကို အလုံးလိုက် ရေဆေးပြီး ခြောက်နေအောင် ပြန်သုတ်ပါ။

watermelon-cake-how-to2

ပုံမှာ ပြထားတဲ့အတိုင်း ၃ပိုင်း ပိုင်းပါ။ တစ်ခုနဲ့ တစ်ခု ၂လက်မစီ ခွာပြီး ပိုင်းပါ။ လှလှပပ ဖြစ်စေဖို့ အတွက် ဓါးပြတ်ပြတ်ကို သုံးပါ။ ဓါးအရှည်ကို သုံးမှ ရပါမယ်။

watermelon-cake-how-to4

အလယ်ပိုင်းကို ယူပြီး ပန်းကန်ပြားပေါ်တင်ပါ။ ၈ စိပ် အညီအမျှ စိပ်ပါ။

watermelon-cake-how-to5

ကျန် ၂ပိုင်းကနေ ဖရဲသီး အနှစ်တွေကို ဇွန်းအလုံးနဲ့ သိပ်သိပ်လေး ယူပါ။ ပြောချင်တာကတော့ ဇွန်းအပြည့်နဲ့ သပ်သပ်ရပ်ရပ်ဖြစ်အောင် ယူပါ။ ယူပြီး ပန်းကန်တစ်ခုထဲ ခဏထည့်ထားပါ။

watermelon-cake-how-to6

စိပ်ထားတဲ့ ဖရဲသီး အခြမ်းပေါ်ကို လှပအောင် စီပြီး တင်ပါ။ အပေါ်ဆုံးကနေ ပူစီနံရွက်လေး စိုက်ထားလိုက်ပါ။ ပြည့်စုံပြီး ရနံ့လေး သင်းနေတဲ့ ဖရဲသီးကိတ်လေးကို စားလို့ ရပါပြီ။ အပေါ်က ဘောလုံးလေးတွေ ကုန်သွားရင် အောက်က စိပ်ထားတဲ့ အစိပ်လေးတွေကိုလည်း သုံးဆောင်နိုင်ပါသေးတယ်။

Source: veggiebelly

Review

User Rating

4.5 (8 Votes)