အစားအစာတွေကို စီမံနေရတဲ့ လူတွေအတွက် ဘယ်လိုအစားအစာတွေကို ဘယ်လိုသိမ်းရမလဲဆိုတာပါ စဉ်းစားစီမံ ခန့်ခွဲရပါတယ်။ မီးဖိုချောင်ထဲမှာ နေပြီး အစားအစာတွေကို စားချင်စဖွယ် ဖြစ်အောင် ပြင်ဆင်ရသလို အရသာရှိအောင်လည်း ချက်ပြုတ်ရပါတယ်။ ဒါ့အပြင် ဘယ်လို အစားအစာ ဘယ်လို သိမ်းဆည်းပြီး ဘယ်လိုအာဟာရတွေ ဖြစ်အောင် စားရမလဲဆိုတာပါ သိအောင် ပြင်ဆင်ရပါသေးတယ်။

အစားအစာတွေကို ကြာရှည်ခံအောင် ရေခဲသေတ္တာထဲ ထည့်သိမ်းဆည်းတတ်ပါတယ်။ ဒါပေမယ့် အစားအစာတိုင်းကိုတော့ ထားလို့ မရပါဘူး။ ရေခဲသေတ္တာထဲ ထည့်သိမ်းလို့ မရတဲ့အစားအစာတွေထဲက ၅ မျိုးကို မျှဝေချင်ပါတယ်။

သခွားမွှေး

melons

ရေခဲသေတ္တာဟာ အင်တီအောင့်ဆီးဒင့်တွေရဲ့ ပမာဏတစ်ဝက်လောက်ကို ဖြတ်သွားနိုင်စွမ်း ရှိပါတယ်။ သခွားမွှေးသီးဟာ အခန်းတွင်း အပူချိန်မှာ ဘီတာကရိုတင်းက ကဲ့သို့ ဓာတ်ပေါင်းတွေဟာ နှစ်ဆပိုပြီး တိုးပွားနိုင်ကြောင်း USDA ရဲ့ သုတေသနတွေမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် သခွားမွှေးသီးကို ရေခဲသေတ္တာထဲ ထည့်ပြီး မစားသင့်ပါဘူး။ ဒါပေမယ့် အစိပ်လေးတွေ စိပ်ပြီး ခဏထည့်ထားရင်တော့ ရပါတယ်။

ပင်စိမ်း

basil

ပင်စိမ်းတွေဟာ ၄၀ ဒီဂရီဖာရင်ဟိုက်အောက်ကို ရောက်သွားတဲ့ အခါ ချက်ချင်း အရောင်မည်းသွားတတ်ပါတယ်။ ဒါကြောင့် ရေခဲသေတ္တာထဲကို ထည့်သိမ်းဖို့ မသင့်တော်ပါဘူး။ ဖြစ်နိုင်ရင် ဖန်ခွက်ထဲ ရေအနည်းငယ်ထည့်ပြီး အမြစ်ထောင်ထားရင် အကောင်းဆုံးပါပဲ။ ဒါမှမဟုတ်ရင် လေလုံအောင် ထုပ်ထားရင်လည်း ရပါတယ်။

အာလူး

potatoes

အာလူးတွေကို ၄၅ဒီဂရီဖာရင်ဟိုက် အနေအထားလောက်မှာ သိမ်းထားဖို့ အဆင်အပြေဆုံးပါပဲ။ နေရောင်နဲ့ တိုက်ရိုက်မထိတွေ့တဲ့ နေရာဆိုရင် လုံလောက်ပါပြီ။ ရေခဲသေတ္တာထဲထည့်မယ်ဆိုရင်တော့ ပိန်ပြီး မဲသွားပါလိမ့်မယ်။

ကြက်သွန်နီ

onions

အချို့ ဟင်းသီးဟင်းရွက်တွေနဲ့ အသီးအနှံတွေဟာ လေနဲ့ ထိတွေ့နေမှ လတ်ဆတ်ပြီး ရှိနေတတ်ပါတယ်။ အဲ့ဒီအထဲမှာ ကြက်သွန်နီ ပါဝင်ပါတယ်။ ကြက်သွန်နီကို သိမ်းတဲ့ အခါ ဖုံးအုပ်မထားဘဲ ဖြန့်ထားရင် အကောင်းဆုံးပါပဲ။ ရေခဲသေတ္တာထဲတော့ ထည့်မသိမ်းပါနဲ့။ အာလူးနဲ့လည်း အတူတူ မထားသင့်ပါဘူး။ ကြက်သွန်က ထွက်တဲ့ ဓာတ်ဟာ အာလူးတွေကို မဲသွားစေပါတယ်။

ခရမ်းချဉ်သီး

tomatoes

ခရမ်းချဉ်သီးရဲ့ အာဟာရဓာတ်တွေ မဆုံးရှုံးစေချင်ဘူးဆိုရင်တော့ ရေခဲသေတ္တာထဲ ထည့်မသိမ်းတာ အကောင်းဆုံးပါပဲ။

Credit: rd.com

Featured Image Source: buybest4u.com