ဒီပိတ်ရက် အတွက်တော့ အပြင်ပိုင်း ကြွပ်ရွရွ အတွင်းပိုင်း အိအိ စိမ့်စိမ့်လေးနဲ့ အရမ်း အရသာ ရှိပြီး စားလို့ ကောင်းတဲ့ လုပ်နည်းလေး ပြန်လည် မျှဝေပေးလိုက် ပါတယ်။

ပါဝင်ပစ္စည်းများ

Mashed Potato လုပ်ရန်လိုအပ်သည်များ –

အာလူးကြီး – ၅လုံး

Chedder Cheese – ၅ချပ် (အသေးလေးတွေညှပ်ပါ)

ထောပတ် – 15 g

ကြက်ဥ – ၂လုံး (ခလောက်ထားပါ)

ဆား – အနည်းငယ်

ငရုတ်ကောင်း – အနည်းငယ်

Bread Crumbs – အနည်းငယ်

ကော်မှူန့် – အနည်းငယ်

ကြက်သွန်မြိတ် – အနည်းငယ် (အလှဆင်ရန်)

ဆီ – အာလူးကြော်ရန်

ပြုလုပ်နည်း

ပထမဦးစွာ အာလူးကို နူးအာင်ပြုတ်ပြီး ညက်နေအောင် ထောင်းပါ။

ဆား၊ ငရုတ်ကောင်း၊ အရည်ဖျော် ထားသည့် ထောပတ်တို့ ထဲ့နယ်ပါ။

အားလူးကို တလက်မအရွယ် အနေတော်အလုံးလေးများ chesse ကိုအလယ်တွင်ထဲ့ လုံးပါ။

အာလူး လုံးလေး များကို ကော်မှူန့်တွင် လူးပြီး ကြက်ဥ ခေါက်ထားသည့်ထဲ နှစ်ကာ Bread Crumbs ခွက်တွင်လှိမ့်ပါ။

ပြင်ဆင်ပြီး အာလူး လုံးလေးများကို ရေခဲသေတ္တာ အခဲခန်းထဲတွင် မကြော်ခင် 10 to 15 min ထိထဲ့ထားပါ ။ (အချိန်မလွန်စေရန် အထူးသတိထားပါ)

ဆီပူပူတွင် ကြော်ပြီးပါက အရသာစိမ့်ပြီး ကြွပ်ကြွပ်ရွရွလေးနဲ့ စားလို့အလွန်ကောင်းတဲ့ Fried Cheesy Mashed Potato လေး ရပါပြီ။

Credit: Shwe Thu