ပါဝင်ပစ္စည်းများ

  • ဆန်ကြာဇံ ၂ ထုပ်
  • ကြက်ရင်ဘုံ ၂ ခု
  • ပုဇွန် ၃၀ သား
  • ဥဝါ ၃ ချောင်း (ပါးပါးလှီးထားပါ)
  • ပဲပင်ပေါက် ၃၀ သား

Source: Wikipedia

  • ဂေါ်ဖီ ၁ ထုပ် (အသေး) (ပါးပါးလှီးထားပါ)
  • ကြက်ဥ ၅ လုံး (ခလောက်တားပါ)
  • ကြက်သွန်နီ ၂ လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၅ မွှာ (တပြားရိုက်ထားပါ)
  • ပဲငံပြာရည် အနောက် ၂ (ထမင်းစားဇွန်း)

  • ပဲငံပြာရည် အကြည် ၄ (ထမင်းစားဇွန်း)
  • ဆား၊ ငရုတ်ကောင်းမှုန့် အဖြူ အနည်းငယ်
  • ကြက်သွန်မိတ် ၅ ပင် (ပါးပါးလှီးထားပါ)
  • တရုတ်နံနံ ၂ ပင် (ပါးပါးလှီးထားပါ)
  • ဆီ

ပြုလုပ်နည်း

ဆန်ကြာဇံ ကို ရေစိမ်ထားပါ။

ကြက်ရင်ဘုံကို လက်မခန့်လှီး၍ ရေဆေး သန့်စင်ပြီး ပဲငံပြာရည်အနောက် ၊ ဆား အနည်းငယ် ၊ ငရုတ်ကောင်းမှုန့် အဖြူအနည်းငယ်တို့နှင့်နယ်ထားပါ။

ပုဇွန်ကို ရေဆေးသန့်စင်ပြီး အခွံချွတ်ပါ။ ပြီးလျှင် ပဲငံပြာရည်အနောက်၊ ဆား အနည်းငယ်၊ ငရုတ်ကောင်းမှုန့် အဖြူ အနည်းငယ် တို့နှင့် နယ်ထားပါ။

ကြာဇံကြော်တွင် ထည့်ရမည့် ပါဝင်ပစ္စည်းများ အစဉ်သင့်ဖြစ်လျင် ဆန်ကြာဇံကို ရေစစ်ပါ။

ရေစစ်ထားသော ကြာဇံကို လက်တဆုပ်ခန့်စီမ၍ ကပ်ကြေးနှင့် ကြာဇံ၏ အရှည်ကို ဖြတ်ပေးပါ။ သို့မှသာ ကြော်သည့်အခါတွင် လုံးထွေးမနေပါ။

ပြီးလျင် ကြာဇံကို ပဲငံပြာရည် အကြည် နှင့် လက်တွင် ဆီ အနည်းငယ် ဆွတ်ပြီး နှံ့စပ်အောင် နယ်ပေးပါ။

ဒယ်အိုးကြီးထဲတွင် ဆီ အနည်းငယ် တည့်ပြီး ဆီပူလာလျင် ကြက်ဥကို မွှေပြီး အရင်ကြော်ပါ။ ပြီးလျင် ဖယ်ထားပါ။

ကြက်သွန်နီ နှင် ကြက်သွန်ဖြူ အနည်းငယ် တည့်ပြီး လှီးထားသော ကြက်သားများကို ကြော်ပါ။ ပြီးလျင် ဖယ်ထားပါ။

ပြီးလျင် ဥဝါ ၊ ဂေါ်ဖီ ၊ ပဲပင်ပေါက် နှင့် တရုတ်နံနံ တို့ကို ခပ်စိမ်းစိမ်း ကြော်ပါ။ ပြီးလျင် သန့်စင်ထားသည့် ပုဇွန်ကို ထည့်ပါ။

ကြော်ထားသည့် အဆာပလာများကို သပ်သပ်ဖယ်ထားပါ။

ကြော်ထားသည့် ဒယ်အိုးထဲတွင် ဆီ အနည်းငယ် တည့်ပြီး ဆီပူလာလျင် ကြက်သွန်နီ နှင် ကြက်သွန်ဖြူ အနည်းငယ် တည့်ပြီး ကြာဇံကို ထည့်ကြော်ပါ။

ပြီးလျင် သပ်သပ်ကြော်ပြီး ဖယ်ထားသည့် အဆာပလာများကို အိုးထဲသို့ ပြန်ထည့်ပြီး ငရုတ်ကောင်းမှုန့် အဖြူ အနည်းငယ်ဖြူး၍ ကြာဇံများနှင့် နှံ့စပ်အောင် နယ်၍ ကြော်ပါ။

ပြီးလျင် အရသာ အပေါ့အငံ မြည်း၍ ပြင်ဆင်ပြီး ကြက်သွန်မိတ်ကို အပေါ်မှ အုပ်လိုက်ပါ။

အရသာရှိသော ကြာဇံကြော် (ကြက်သား & ပုဇွန်) ကို သုံးဆောင်နိုင်ပါပြီ။

MyFood Myanmar