စည် ရေ ဟင်းနာမည် လေး ဘာလို့ ဒီလို ပေးတာလဲ တဲ့လေ… ဒီ ငရုပ်သီးကြော်လေးက စပ်ကလဲစပ် ချဉ်ကလဲ ချဉ် နဲ့ တကယ် ပဲ အစပ် တဲ့ ပြီး ထမင်း မိန် စေတာ တကယ်ပါ။ ဘာဟင်း မှကို မလိုအောင်သူ့ကြီးပဲ စားရုံး နဲ့ တင် လုံလောက်တဲ့ဟင်း ဖြစ်ပြီး အနားမှာရှိတဲ့သူလုစားမှာ ဆိုးလို့ မြန်မြန် စားရလောက် အောင် လက်ဖျားခါ ရလေက် အောင်ကို ကောင်းလို့ပါ… ထမင်း ကို နှစ်ပန်းကန် မစားတဲ့ စည် တောင် ထမင်းနှစ်ပန်းကန် ကုန်ပါတယ်။ စည် ခရီး သွားရင်းနဲ့ စားဖူး လိုက်တဲ့ ငရုပ်သီး ကြော်လေး ကိုခြေခံ ပြီး ကိုယ်ပိုင် ပြန်လည် တီထွင်ထားတာလေးပါ။ ချက် ဖြစ်အောင် ချက် စားကြည့်နော်…

ပါဝင်ပစ္စည်းများ

  • ငရုတ်သီးစပ်ပွအရှည် – ၃၀ ကျပ်သား (ခပ်သေးသေး လေး တွေ ညှပ်ထားပါ)
  • ပုစွန်ခြောက်မှုန့် – ၅ ကျပ်သား
  • ငါးခြောက်မှုန့် – ၅ ကျပ်သား
  • ဆား – လက်ဖက်ရည်ဇွန်း တဝက်
  • အသီးအရွက်ဆီ – ၁၀ ကျပ်သား (ဆီလို လျှင် ထပ်ထည့်ပါ)
  • ငံပြာရည် – စားပွဲဇွန်း ၁ ဇွန်း ခွဲ
  • ကြက်သွန်နီ – ၅ ကျပ်သား (ထောင်းထားပါ)
  • ကြက်သွန်ဖြူ – ၂ ကျပ်ခွဲ သား (ထောင်းထားပါ)
  • Knorr ကြက်သားမှုန့် – စားပွဲဇွန်း ၂ ဇွန်း (အချို ကြိုက်လျှင် ပိုထဲ့လိုရပါတယ်)
  • ဆနွင်းမှုန့် – လက်ဖက်ရည် ဇွန်း ၁ ဇွန်း
  • သံပုရာသီး – ၂ လုံး (တခြမ်း ကို အလှဆင်ရန် ပါးပါး လှီးထားပါ ကျန်တာကို နွာပါ)

ပြုလုပ်နည်း

မကပ်သော အကြော် အိုးထဲသို့ဆီထည့်ပါ။ ပူလာလျှင် ဆနွန်းမှုန့် နှင့် ကြက်သွန်ဖြူ ၊နီ ထောင်းထားတာထည့်ပါ။

မွှေးပြီး အရောင်လှလာလျှင် ငံပြာရည် ထည့်ပါ။ သိသိသာသာ မွှေးပြီး လာပါလိမ့်မယ်။

ငါးခြောက်မှုန့်နဲ့ပုဇွန်ခြောက်မှုန့်ကို ထည့်လို့ရပါပြီ။ အနည်းငယ် ကျွတ်လာပြီဆိုလျှင် နွာထားသော သံပုရိုကိုထည့်ပြီး ဖြည်းဖြည်းနဲ့မွှမွှလေးမွှေပေးပါ။

ညှပ်ထားသော ငရုပ်သီး များကို ထည့်ပါ။ ဆား နှင့် ကြက်သားမှုန့်လည်း ထည့်လို့ရပါပြီ။

ငရုပ်သီး နွန်းလာလျှင် ဆားမြည်ပါ။ လိုတာကို ထပ်ဖြည့်ပြီး ထမင်းပူပူနဲ့ ဆူးပုတ် ပဲထောပတ် ဟင်းချိုနဲ့ဆို အင်မတန် လိုက်ဖက်ပါတယ်။

မှတ်ချက်- ကျမ်းမာရေးနှင့် ညီလျှော်စွာ ချက်မယ်ဆိုရင်တော့ ဆီလျှော့ထည့်ပါ။ သံလွင်ဆီသုံးပါ။ အငံ နှင့် ငါး ၊ပုဇွန်ခြောက်မှုန့်များ လျော့ထည့်ပါ။

Credit: Syi Lwin Foods Garden