တရုတ် - Chinese | အကြော် - Fried | ကြက်သား - Chicken

ကြက်သားကုန်းဘောင်ကြီးကြော်

September 3, 2016

ကြက်သားကုန်းဘောင်ကြီးကြော်

Share this on:

ကျောင်းသမား ၊ ရုံးသမားတွေကို ထမင်းဘူး ထည့်ပေးလို့ လွယ်တဲ့ ဟင်းတခွက်ပေါ့ ။  အဆီအနှစ်လညး နည်းပြီး အဆီ ၊ အရည်တွေ ဖိတ်ကျဘို့လည်း မပူရဘူးပေါ့ ။  အသား ရော ၊ အသီးအရွက်ရော တခွက်တည်းမှာ ပါဝင်တဲ့ အတွက် ကျန်းမာရေး အတွက်လည်း အထောက်အကူ ပြုတဲ့ ဟင်းတခွက်ဖြစ်ပါတယ် ။  အစပ်မစားတဲ့ သူအတွက် ငရုပ်တောင့်ကြော် ထည့်ရန် မလိုပါ ။  ချက်ရတာလည်း လွယ်ကူပါတယ် ။  မိနစ် ၃၀ အတွင်း ချက်လို့ရတဲ့ ဟင်းတခွက်ပေါ့နော် ။

ကြက်သားကုန်းဘောင်ကြီးကြော်

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ဘုံ - ၁ ခု (လက်တစ်ထစ်ခန့် တုံးပါ)
  • ကြက်သွန်နီ ဥအကြီး - ၁ ဥ (အဝိုင်းလိုက် ထူထူလှီးထားပါ)
  • ကြက်သွန်ဖြူ - ၃ မွှာ (အရှည်လှီးထားပါ)
  • ဂျင်း - လက်တဆစ်ခန့် (အရှည်လှီးထားပါ)
  • ပဲငံပြာရည် အကြည် - ၁ ဇွန်း
  • ပဲငံပြာရည် အပျစ် - ၂ ဇွန်း
  • ခရုဆီ - ၁ ဇွန်း
  • ငရုတ်သီး အခြောက် - ၈ တောင့်
  • မုံလာဥနီ - ၁ တောင့် (အတုံးလေးများ တုံးထားပါ)
  • ဘိုစားပဲ - ၅ တောင့် (လက်တဆစ်ခန့် လှီးပါ)
  • သီဟိုစေ့ - လက်တဆုပ်
  • ခနော ကြက်သားမှုန့် - အနည်းငယ်
  • ဆီ - ၅ ကျပ်သား
  • ဆား - အနည်းငယ်

ပြုလုပ်နည်း

  1. ကြက်သားကို ပဲငံပြာရည်အပျစ် ၊ ကြက်သွန်ဖြူ  ၊ ဂျင်းတို့ ထည့်ပြီး အရသာ ၀င်အောင် နယ်ပြီး မချက်ခင် ၁ နာရီခန့် နှပ်ထားပါ ။
  2. ဒယ်အိုးထဲတွင် ဆီအနည်းငယ် ထည့်ရ်ျ ဆီပူလာလျှင် မီးအေးအေးဖြင့် သီဟိုစေ့ကို ထည့်လှော်ပါ ။ သီဟိုစေ့ ကျက်လျှင် အိုးထဲမှ ထုတ်ရ်ျ အအေးခံထားပါ ။
  3. ဒယ်အိုးထဲတွင် ဆီကို ပူအောင် တည်ပြီး ဆီကျက်လျှင် ငရုတ်ခြောက်များကို အတောင့်လိုက် ထည့်ရ်ျ မီးအေးအေးဖြင့် ကြွပ်သည်အထိ ထည့်ကြော်ပါ ။ ပြီးလျှင် ဆီအိုးထဲမှ ငရုတ်ခြောက်ကြော်များကို ဆယ်ပြီး ဆီစစ်ထားပါ ။
  4. ငရုတ်ခြောက်များ ကြော်ထားသည့် ဆီတွင် ကြက်သားကို ထည့်ပြီး ကြော်ပေးပါ ။
  5. ကြက်သား မနူးခင်တွင် မုံလာဥနီ ၊ ဘိုစားပဲ ၊ ကြက်သွန်နီ ၊ ပဲငံပြာရည်အကြည် ၊ ခရုဆီ ၊ ဆားတို့ကို ထည့်ရ်ျ အသားနှင့် သမအောင် မွှေပြီး အသီးအရွက်များကို ခပ်စိမ်းစိမ်းလေး ကြော်ပါ ။  (အသီးအရွက်များ နွမ်းပြီး အရည်ထွက်သည်အထိ မကြော်ရ)
  6. အသီးအရွက် နှင့် ကြက်သား တပြိုင်နက် နူးသည်နှင့် မီးဖိုပေါ်မှ ချရ်ျ သီဟိုစေ့ကြော် ၊  ခနော ကြက်သားမှုန့် ၊ ငရုတ်ခြောက်ကြာ် တို့နှင့် ထည့်ပြီး မွှေပါ ။
  7. အရသာ အပေါ့အငံ မြည်းရ်ျ ကြက်သားကုန်းဘောင်ကြီးကြော် မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ ။
My Food Myanmar

Review

User Rating

3.8 (22 Votes)