ငါး - Fish | ဟင်း - Curry | အကြော် - Fried

တရုပ်ငါးခေါင်းပဲငပိချက်

August 7, 2016

တရုပ်ငါးခေါင်းပဲငပိချက်

Share this on:

ပါဝင်ပစ္စည်းများ

  • ငါးခေါင်း - ၃ ခေါင်း
  • ခရမ်းချဉ်သီး - ၃ လုံး (ထူထူ လှီးထားပါ)
  • ကြက်သွန်နီ - ၂ လုံး (ထူထူ လှီးထားပါ)
  • ကြက်သွန်ဖြူ - ၂ ဥ (တပြား ရိုက်ထားပါ)
  • ဂျင်း - လက်တဆစ်ခန့် (ပါးပါးရှည်ရှည်လှီးထားပါ)
  • ပဲငပိ - ၁ ဇွန်း (လဖက်ရည်ဇွန်း)
  • ပဲငံပြာရည်အကြည် - ၁ ဇွန်း (ထမင်းစားဇွန်း)
  • တရုပ်မဆလာ - အနည်းငယ်
  • ကြက်သွန်မိတ် - အနည်းငယ်
  • ငရုတ်သီးစိမ်း - အနည်းငယ်
  • ခနောမှုန့် - အနည်းငယ်
  • ဆီ - အနည်းငယ်
  • ဆား - အနည်းငယ်

ပြုလုပ်နည်း

  1. ငါးခေါင်း များကို သန့်စင်အောင် ရေဆေးပြီး စစ်ထားပါ ။
  2. ပြီးလျင် ငါးခေါင်း များကို ဆား ၊ ခနောမှုန့် ၊ တရုပ်မဆလာ အနည်းငယ် နှင့် နယ်ထားပါ ။
  3. ဒယ်အိုးထဲတွင် ဆီ ထည့်ပြီး ပူလာလျင် ကြက်သွန်ဖြူ ၂ မွှာ နှင့် ဂျင်းကို ထည့်ပြီး ဆီသပ်ပါ ။
  4. ပြီးလျင် ငါးခေါင်း များကို ဟိုဘက် ဒီဘက် လှန်ရ်ျ ဆီပူထိုးပေးပါ ။ အပေါ် မျက်နှာတင်းသွားလျင် အိုးထဲမှ ဆယ်ထားပေးပါ ။
  5. ထို ဒယ်အိုးထဲတွင် ဆီအနည်းငယ် ထပ်ထည့်ပြီး ပူလာလျင် ကြက်သွန်နီ ၊ ကြက်သွန်ဖြူ နှင့် ဂျင်း တို့ကို ထည့်ပြီး ဆီသပ်ပါ ။
  6. ကြက်သွန်များ အရောင် အနည်းငယ် ပြောင်းလျင် ခရမ်းချဉ်သီး ၊ ပဲငပိကို ထည့်ပြီး လုံးပါ ။
  7. ရေနွေး အနည်းငယ်ကို အိုးထဲရှိ အဆာပလာများ အိသွားအောင် နဲနဲ ထည့်ပါ ။
  8. ပဲငံပြာရည်အကြည် နှင့် ငရုတ်သီးစိမ်းများကို ထည့်ပါ ။ အရသာ အပေါ့အငံမြည်းပါ ။
  9. မိမိ နှစ်သက်သည့် အရသာ ရပါက ငါးခေါင်း များကို အိုးထဲရှိ အခြားအနှစ်များနှင့် နှံ့စပ်အောင် မွှေပြီး ဖိုပေါ်တွင် မီးအေးအေးဖြင့် အဖုံးအုပ်ရ်ျ ၅ မိနစ်ခန့် ဆက်ရ်ျ တည်ထားပါ ။
  10. အရသာ အပေါ့အငံမြည်းရ်ျ မဆလာကို ပိုရ်ျ ထည့်လိုက တရုပ်မဆလာကို ထပ်ရ်ျ စိပ်ကြိုက်ထည့်ရ်ျ ကြက်သွန်မိတ်ကို အပေါ်မှ ဖြူးပြီး သုံးဆောင်နိုင်ပါပြီ ။
My Food Myanmar

Review

User Rating

3.7 (3 Votes)