ပဲပုတ် ကြိုက်သူများ အတွက် အကြောလဲ မတက် သွေးလဲ မတက် စေတဲ့ နည်းလမ်းလေး များမရှိတော့ဘူးလားဆိုတဲ့ အမေးများ များလာတော့ အချိန်ယူပြီး စမ်းသတ် ခဲ့တဲ့ ဒီဟင်းလေး ကို မူရင်း အရသာ မပျက် ပဲ အားလုံး အဆင်ပြေစွာ စားသုံးနိုင်အောင် စည့် နည်းလမ်း အသစ်လေး နဲ့ တမျိုးလေး ဖန်တီးထား တဲ့ ပဲပုတ်အခြောက်ကြော်ကို စမ်းကြည့်လိုက်အုန်းနော်…

ပါဝင်ပစ္စည်းများ

ပဲပုတ်အခြောက်ပြား – အချပ် ၃၀ (ကပ်ကျေး နဲ့ ခတ်သေးသေး လေးတွေဖြတ်ထားပါ)

ခရမ်းခဉ်သီး အမှည့် – ၁၅ ကျပ်သား ( အစေ့ထုပ်ပြီး သေးသေးလေးတွေ လှီးထားပါ)

စပုလင်ရွက်အခြောက်မှုန့် စားပွဲဇွန်း ၁ ဇွန်း

စပုလင် အစို – ၂ ပင် (ထောင်း ပြီး အရည် ညှစ်ယူထားပါ)

ငရုတ်သီးစိမ်း – ၁၀ တောင့် (ခပ် သေးသေးလေး တွေ ဖြတ်ထားပါ)

ပူဆီနံပင် (သို့) နံနံပင် – ၅ ပင်လောက် (ခပ် ကြမ်းကြမ်း လေးဖြတ်ထားပါ) (လုံးလုံး မထဲ့လဲရပါတယ်)

ကြက်သွန်ဖြူ – ၈ မွှာ အကြီး ( ထောင်းထားပါ) (အရွယ်အစား ပေါ်မူတည်ပြီး ထဲ့ပါ)

ကြက်သွန်နီ- ၁၀ လုံး (ထောင်းထားပါ) (အရွယ်အစား ပေါ်မူတည်ပြီး ထဲ့ပါ)

နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

အရောင်တင်မှုန့် – စားပွဲဇွန်း ၂ ဇွန်းခွဲ

အသီးအရွက်ဟင်းခတ်မှုန့် စားပွဲဇွန်း ၁ ဇွန်းခွဲ

အသီးအရွက်ဆီ – ၁၀ ကျပ်သား

ပြုလုပ်နည်း

အကြော်အိုးထဲ သို့ ဆီထဲ့ပါ ဆီပူ လျှင် ဆနွင်း၊ ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးစိမ်း၊ စပုလင်မှုန့် နှင့် အရောင်တင်မှုန့် တို့ ထဲပြီး ဆီသတ်ပါ။ အရောင်ပြောင်းပြီး မွှေးတက်လာ လျှင် စပလင်အရေ နဲ့ ခရမ်းချဉ်သီးထဲ့ ပြီး ခြောက်လာတဲ့ အထိ ကြော်ပေးပါ။ ဟင်းခတ်မှုန့် ထဲ့ပါ။

၂။ ခရမ်းချဉ်သီး ဖတ်လေး တွေ လိပ်တက်လာလျှင် ပဲပုတ်အခြောက်ပြားလေး တွေ ထဲ့ မွှေပါ။ မှီးအပြင်းကြီးနဲ့မဟုတ်ပါ။ (ပဲပုတ်ပြားလေး တွေ ကိုမညှပ်ခင် အချိန် ရမယ်ဆိုရင် မီး နဲ့အရင်ဖုတ် ရင်ပို ကောင်းပါတယ်။ ဖုတ်ပြီးသား ဆိုတော့ မွှေးလဲမွှေး အကြက်လဲမြန်တာပေါ့)

ပူစီနံ (သို့) နံနံပင် (နံနံပင် ကို အကြောတက် နဲ့ သွေးတက် တတ်သောသူများ အတွက်ဆို မထဲ့ပါနဲ့) ကို အပေါ်မှဖြူးပါ။ မြည်းပြီး လိုတာ ထပ်ဖြည့်ပါ။

မှတ်ချက်- သွေးတိုး ရှိသူ တွေအတွက်တော့ ဆရာဝန် နဲ့တိုင်ပင်ပြီးမှ စားပါ။ စပုလင် ဟာ တကယ်ဆေးဖက်ဝင်သော အပင် ဖြစ်ပါတယ်။ ရောဂါတော်တော် များများကို ပျောက်ကင်းစေ သလို အအေးဓာတ် ကိုပေးသော စွမ်းအား ရှိတာကြောင့် စပုလင် များများ ထဲ့ပြီးချက် လို့ရပါကြောင်းအကြံပြုပါရစေ။

အငံများများ စားပြီးလျှင် သံပုရာ နှင့် စပုလင် ရည်ကို သကြားနည်းနည်း နှင့်ဖျော် သောက်ချင်း ဖြင့် အကြောတက်ချင်း သွေးတက်ချင်း ကိုကာကွယ်ပေးနိုင်ပါသည်။

Credit: Syi Lwin Foods Garden