ငါးနီတူ ပျဉ်းတော်သိမ်း စပ်မွှေး

Share this on:

ငါးခြောက်ကြော်ကို ရိုးရိုးကြော်စားရတာ ငြီးငွေ့လာရင် အပြောင်းအလဲလေး ကြော်စားမယ်လေ။ ဒီနည်းနဲ့ကြော်ရင် ငါးခြောက်ကြော်က အတော်လေးကိုမွှေးတာ။ စားလို့လဲ တော်တော်ကောင်းတယ်။ အချိန်လဲ မကုန် ကြော်ရတာလဲ လွယ်ပါတယ်။ အချိန်အများကြီးပေးစရာ မလိုဘဲ ထမင်းဝိုင်းထဲ ဟင်းတစ်ခွက်တိုးတာပေါ့နော်။

ပါဝင်ပစ္စည်းများ

  • ငါးနီတူခြောက်တွေကို ခေါင်းဖြုတ် သန့်စင်ထား..(တခြား ငါးခြောက်သုံးလဲရပါတယ်)
  • ကြက်သွန်ဖြူဥတွေကို အခွံနွှာ ပါးပါးလှီးထား..
  • ပျဉ်းတော်သိမ်းရွက်တွေကို ရေဆေးပီး ရေစစ်ထား..(များများသုံးပေးပါ..သူ့အမွှေးဓာတ်က အဓိက မို့လို့)
  • ငရုတ်သီးခွဲကြမ်းမှုန့် လိုပါမယ်..(အညှော်သက်သာအောင် ငရုတ်သီးအလှော်မှုန့်သုံးလဲ ရပါတယ် ကြာကြာကြော်စရာမလိုဘူးပေါ့)

ချက်ပြုတ်ပုံ

  1. ငါးခြောက်ကို ကြွပ်အောင်ကြော်ပီး ဆယ်ထားပါ (ငါးနီတူခြောက်တွေကို ကြော်တဲ့အခါ မတူးစေဖို့ ဂရုစိုက်ပါ..ခါးတတ်လို့ပါ..ဆီမြုပ်အောင်ထည့်ပီး မီးမပြင်းစေဘဲ ကြော်ပါ..)
  2. ပျဉ်းတော်သိမ်းရွက်တွေကိုလည်း ဆီပူထဲထည့်ကြော်ပါမယ် (ဆီပေါက်တတ်ပါတယ် ဂရုစိုက်ပါနော်)
  3. ကြွပ်အောင်ကြော်မှာမို့ ဆီများများ သုံးရပါမယ် (ကြော်ပီးမှ ဆီစစ်လို့ ရပါတယ်..)
  4. အရွက်တွေ သိပ်မကြွပ်သေးခင် ကြက်သွန်ဖြူ ပါးပါးလှီးထားတာတွေ ထည့်ကြော်ပါမယ်။
  5. ကြက်သွန်ဖြူလဲ ရွှေဝါရောင် သန်းပြီးမွှေးလာ အရွက်တွေလည်း ကြွပ်လာပီဆို ငရုတ်သီး အလှော်မှုန့် ထည့်မွှေလိုက်ပါ။
  6. အကြမ်းမှုန့် ဆိုရင်တော့ ခဏလောက်ကြော်ပေးရပါမယ်။ အလှော်မှုန့်ဆိုရင်တော့ မွှေပြီးတာနဲ့ အိုးချလိုက်ပါ။
  7. အိုးချပြီးမှ ဆား..အရသာမှုန့် ခပ်ပါ။
  8. ပြီးမှ ဖယ်ထားတဲ့ ငါးခြောက်ကြော်နဲ့ ရောမွှေလိုက်ရင် ပျဉ်းတော်သိမ်းရွက်နံ့နဲ့ ကြက်သွန်ဖြူကြော်နံ့လေးမွှေးပြီး ငရုတ်သီးကြောင့် စပ်စပ်လေးနဲ့ စားကောင်းတဲ့ ငါးခြောက်ကြော် ရပါပြီ
Credit: Nandar Htoo Yee

Review

User Rating

5 (1 Votes)