Recipes | ငါး - Fish | အကြော် - Fried

ငါးစိုကြော်ထိုး

April 6, 2017

ငါးစိုကြော်ထိုး

Share this on:

ညီမချက်ပြချင်တဲ့ ဟင်းနာမည်လေးက ငါးစိုကြော်ထိုး လို့ခေါ်ပါတယ်။ အယ် ခေါ်ရတာ ထူးဆန်းတယ်မလား။ ကဲ တခါတလေ ဟင်းတွေချက်ရတာ ရိုးအီသွားရင် အခု ညီမပြောပြတဲ့ ဟင်းလေးက ထမင်းပူပူလေးနဲ့ပဲဖြစ်ဖြစ်
ပေါင်မုန့် အချပ်လေးတွေနဲ့ပဲဖြစ်ဖြစ် တွဲစားလို့ ရပါတယ်။ သားသားမီးမီးလေးတွေလည်း ခံတွင်းတွေ့စေပါတယ်။ အရိုးဆူးမှာလည်း မပူရတော့ဘူး။

ပါဝင်ပစ္စည်းများ

  • ငါးကြင်း ကြွပ်အောင် ကြော်စရာမလို
  • ကြက်သွန်နီ များများလှီးထား
  • ကြက်သွန်ဖြူ ထောင်းထား
  • ဆီ
  • ဆနွင်းမှုန့်
  • ဆား
  • ကြက်သားမှုန့်
  • ငံပြာရည်
  • ငရုပ်သီးအကြမ်းမှုန့်

ချက်ပြုတ်ပုံ

  1. ကြော်ထားတဲ့ငါးတွေကို အရိုးနွှင်ထားပါမယ်။
  2. ငါးကြော်ဆီထဲကို ဆနွင်းအနည်းငယ်ထည့်ပြီး ကြက်သွန်နီတွေကို နွမ်းလာအောင်ကြော်ပေးရမယ်။
  3. တအောင့်နေရင် ကြက်သွန်ဖြူလေး ထည့်ပါမယ်။
  4. ဆား ကြက်သားမှုန့် ငံပြာရည် ငရုပ်သီးအကြမ်းမှုန့် ထည့်မယ်။ (အစပ်မကြိုက်ရင် မထည့်ရ)
  5. ကဲ ပြီးရင် နှံ့အောင်မွှေပါ...အရသာ အလေးအပေါ့ ကတော့ ကိုယ့်စိတ်ကြိုက်ပေါ့နော်။
  6. ဟုတ်ပြီ အာ့ဆို နောက်ဆုံး ငါးနွှင်ထားတာလေးတွေ ထည့်ပြီး မွှေလိုက်ပါမယ်။
  7. ဟော...မွှေးမွှေးလေး...မြည်းကြည့်ပါဦီး ကြက်သွန်နီလေးတွေမှာကို...အရသာလေးတွေဝင်လို့ အော် ဒါနဲ့ ဆီတော့ များများလေးသုံးပေးနော် အဲဒါမှ အထားလည်းခံတာရယ်။
Credit: Khine Myo Myat Hsu

Review

User Rating

2.7 (3 Votes)