ရေခဲမုန့်ကို ကလေးလူကြီးမရွေးကြိုက်နှစ်သက်ကြပါတယ်။ ကလေးလူကြီးမရွေးကြိုက်နှစ်သက်တဲ့ရေခဲမုန့်ကို အထူးအဆန်းလေးဖြစ်သွားအောင် မလုပ်စားချင်ကြဘူးလား။ ရေခဲမုန့်ကြော်ဆိုတာကို ရင်းရင်းနှီးနှီးကြားဖူးကြပေမယ့် တော်ရုံတန်ရုံစားခဲလှပါတယ်။

ဒါ့ကြောင့် အရသာရှိမရှိမြည်းစမ်းကြည့်ရအောင် အခုပဲ လုပ်စားကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

  • ရေခဲမုန့် ၉၅၀ မီလီလီတာခန့်
  • အုန်းသီးခြစ် ၇၀ ဂရမ်
  • သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)

  • အသင့်စားပြောင်းဖူးကြော်အပြား ၁၂၀ ဂရမ်
  • နွားနို့ စားပွဲတင်ဇွန်း တစ်ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ ၃၅၀ မီလီလီတာ
  • ပျားရည် လက်ဖက်ရည်ဇွန်း ၈ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

ရေခဲမုန့်ခပ်တဲ့ဇွန်းနဲ့ ရေခဲမုန့်များကို ကလော်လိုက်ပြီး ဖယောင်းစက္ကူခံထားတဲ့လင်ဗန်းပေါ်မှာ အခုလိုပဲ တင်ထားလိုက်ပါ။ ထို့နောက် အအေးခံဖို့အတွက် ရေခဲသေတ္တာထဲမှာ ၁ နာရီခန့်ထည့်ထားပါ။

ထိုအချိန်မှာ ပြောင်းဖူးချပ်ပြားများကို တလှိမ့်တုံးနဲ့ လှိမ့်ပြီးအမှုန့်အစလေးများ ဖြစ်သွားအောင် ပြုလုပ်လိုက်ပါ။

ထို့နောက် အုန်းသီးဖတ်နဲ့ သစ်ကြံပိုးခေါက်မှုန့်များ ပြောင်းဖူးအိတ်ထဲသို့ရောထည့်ပြီး အိတ်ကို သမအောင်လှုပ်ခါလိုက်ပါ။ ပြီးတဲ့အခါ လင်ဗန်းထဲမှာ ပြန့်အောင်ဖြန့်ထားလိုက်ပါ။

ရေခဲမုန့်ထည့်ထားတဲ့အချိန်ပြည့်ပါက ရေခဲသေတ္တာထဲမှ ထုတ်လိုက်ပြီး ပြောင်းဖူးမှုန့်များနဲ့ ကပ်ပေးလိုက်ပါ။

ပြီးတဲ့အခါ ကြက်ဥထဲနှစ်ထည့်လိုက်ပါ။ ကြက်ဥထဲနှစ်ထည့်ပြီးရင်လည်း ပြောင်းဖူးမှုန့်များနဲ့ ပြန်ကပ်ပေးရပါဦးမယ်။

ထို့နောက် ဖယောင်းစက္ကူခံထားသောပန်းကန်ပြားပေါ်တင်ပြီး ရေခဲသေတ္တာထဲမှာ ၃ နာရီခန့် အအေးခံထားရပါဦးမယ်။ အချိန်ပြည့်ပြီဆိုမှ ရေခဲသေတ္တာထဲကထုတ်ပြီး အလယ်အလတ်မီးအပူချိန်နဲ့ကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာတမူထူးခြားတဲ့ ရေခဲမုန့်ကြော်လေးရရှိသွားပါပြီ။

Source: Zoomyummy.com