တို့ဖူး - Tofu | ဝက်သား - Pork | အချဉ် - Fermented Food Stuff | အပေါင်း - Steamed | အကြော် - Fried

တို့ဟူး နှင့် ၀က်ကြိတ်သား ကင်ချီကြော်

September 25, 2016

တို့ဟူး နှင့် ၀က်ကြိတ်သား ကင်ချီကြော်

Share this on:

ကျမ်းမာရေး အတွက် မျှတစွာ စားချင်သော သူများ နဲ့ အချိန်တို အတွင်း အဆီချနေသူများ အတွက် တို့ဟူးလေး ဟင်းပွဲလေးကို ရွေးချယ်ပေး လိုက်ပါတယ် ။

14375296_354502828273828_753587788_o

ပါဝင်ပစ္စည်းများ

  • တို့ဟူး - ၁ တုံး (နေတော်အတုံးလေးတွေတုံးထားပါ)
  • ကြက်သွန်မြိတ် - ၁ ပင် (အကွင်းလိုက် ခတ်သေးသေးလေးတွေ ညှပ်ထားပါ အလှဆင်ရန်)
  • နှမ်းနက် - အနည်းငယ် (တို့ဟူးပေါ်မှာ ဖြူးရန်)
  • အုပ်စု (က)
  • ၀က်ကြိတ်သား - ၅ ကျပ်သား
  • ကင်ချီ - ၂ ဇွန်း/ စားပွဲဇွန်း (နုတ်နုတ်စင်းထားပါ)
  • ပဲပိစပ် - တစ်ဝက် ဇွန်း (လက်ဖက်ဇွန်း)
  • နှမ်းဆီ - ၂ ဇွန်း (လက်ဖက်ဇွန်း)
  •  အသားမှုန့် - ၁ ဇွန်း/ လက်ဖက်ဇွန်း (ကိုးရီးယား ဟင်းခတ်မှုန့်)
  • ငရုတ်ကောင်းမှုန့် - အနည်းငယ်

ပြုလုပ်နည်း

  1. မကပ်သော ဒယ်အိုးထဲကို အုပ်စု (က) မှ ပါဝင်ပစ္စည်းများ အားလုံး ထည့်ကြော်ပါ ။ ကင်ချီ နွမ်းလာပြီး အသားကျက်လျှင် ရပါပြီ ။ စားမြည်းပြီး လိုတာ ထပ်ဖြည့်ပါ ။
  2. စားပွဲပြင်မည့် ပန်းကန်ထဲ ကို တို့ဟူးတုံးလေးများ တင်ပါ ။  ကင်ချီ နှင့် ၀က်ကြိတ်သားကြော်ကို အပေါ်မှ နေ လိုသလောက် လှမည့် ပုံစံလေး ထားပြီး တင်ပါ ။ နှမ်း နှင့် ကြက်သွန်မြိတ်လေးတွေ နဲ့ အလှဆင်ပြီး စားသုံးလို့ ရပါပြီ ။

Review

User Rating

4.5 (2 Votes)

author-avatar

Syi Lwin is a chef, food writer, food stylist, food developer and TV chef