ပြင်ဆင်ချက်ပြုတ်ရအလွန်လွယ်ကူပြီး သရေစာအနေနဲ့စားသုံးကြသည့် ကြက်သွန်ကွင်းတွေဟာ အလွန်အရသာရှိလှပါတယ်။ ရုတ်တရက်ဧည့်သည်ရောက်လာတဲ့အခါမှာ တည်ခင်းဧည့်ခံဖို့အတွက် အချိန်တိုအတွင်း ချက်ပြုတ်နိုင်မှာပါ။

အစားချေးများတဲ့ ကလေးတွေတောင် သဘောကျနှစ်သက်မှာဖြစ်ပြီး ပျော်ပွဲစားတွေထွက်တဲ့အခါမှာလည်း ထုပ်ပိုးသွားနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် – ၁ ခွက်
  • ဆား – လက်ဖက်ရည်ဇွန်း ၁ ဝက်ခန့်
  • မုန့်ဖုတ်ပေါင်ဒါ – လက်ဖက်ရည်ဇွန်း ၁ ဝက်ခန့်
  • ကြက်သွန်ဖြူအမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • တောရှုံးအမှုန့် (အမွှေးအကြိုင်) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သံလွင်ဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နို့ – ထမင်းစားဇွန်း ၁ ဇွန်း
  • ရေ – ခွက် ၁ ဝက်ခန့်
  • ပေါင်မုန့်အမှုန့်

ကြက်သွန်နီ

ကြက်ဥအရောအတွက် 

  • ကြက်ဥအကာ – ၁ လုံး
  • ဆား – လက်ဖက်ရည်ဇွန်း လေးပုံ တစ်ပုံ
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၂ ပုံ ၁ ပုံ

အနှစ်ပြင်ဆင်ပုံ

၁။ ခပ်နက်နက်ပန်းကန်လုံးတစ်ခုကိုယူပြီး ဂျုံမှုန့်၊ ဆား၊ မုန့်ဖုတ်ပေါင်ဒါ၊ ကြက်သွန်ဖြူအမှုန့်၊ ငရုတ်ကောင်းမှုန့် နှင့် ဟင်းခတ်အမွှေးအကြိုင်တို့ကို ရောထည့်ပါ။

၂။ သံလွင်ဆီ၊ နို့တို့လည်းထည့်ပြီး မွှေပေးပါ။

၃။ ရေခွက်တစ်ဝက်ခန့်ကိုပါ ရောထည့်ကာ နှံ့နေအောင် သေချာမွှေပေးပါ။

၄။ ကြက်ဥအကာ၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ကို ရောထည့်ပြီး သမအောင်မွှေပါ။

၅။ ကြက်သွန်ကိုအကွင်းလိုက်လေးတွေ လှီးပေးပြီး ဂျုံအနှစ်ထဲကို နှစ်ကာ ကြက်ဥထဲကို ထပ်နှစ်ပါ။

၆။ ပြီးလျှင် ကြွပ်ကြွပ်ရွရွလေးဖြစ်ဖို့အတွက် ပေါင်မုန့်အမှုန့်တွေထဲလည်း နှစ်ပေးပါ။

၇။ ရွှေညိုရောင်သမ်းလာသည်အထိ ဆီပူပူထဲမှာ ကြက်သွန်ကွင်းတွေကို ကြော်ပေးပါ။

၈။ မီးဖိုချောင်သုံးစက္ကူတွေပေါ် တင်ပြီးတော့ ဆီစစ်ပါ။

၉။ ဆီစစ်ပြီးသွားရင်တော့ ကြွပ်ကြွပ်ရွရွနဲ့ အရသာရှိတဲ့ ကြက်သွန်ကွင်းလေးတွေကို ရရှိပါပြီ။