ဝက်သား - Pork | အကြော် - Fried

ဝက်သားလုံး အူစုံ အချိုကြော်

December 29, 2015

ဝက်သားလုံး အူစုံ အချိုကြော်

Share this on:

ပါဝင်ပစ္စည်းများ

  • ဝက်သား
  • အူမကြီး
  • အူချို
  • အချဉ်တိုင်
  • အသဲ
  • ငရုတ်ပွ အစိမ်း
  • မုန်လာထုပ်
  • မုန်လာဥနီ
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ဂျင်း
  • ငရုတ်ခြောက်
  • ကြက်ဥ
  • ဆား
  • သကြား
  • ခရုဆီ
  • အနောက်ရည်
  • ကော်မှုန့်
  • ဂျုံမှုန့်
  • ငရုတ်ကောင်း
  • ကြက်ဥ

ပြုလုပ်နည်း

  1. ဝက်သားကို နုတ်နုတ်စင်း ဆား၊ သကြား၊ ငရုတ်ကောင်း ၊ ဂျုံမှုန့် ၊ ကြက်ဥအကာ ရောနယ်ပြီး၊ ခဏနှပ်ထားပြီး ရေဆူဆူမှာ အလုံးလုပ်ပြီး ပြုတ်ရရင် ဆယ်ထားပါ။
  2. အူတွေကိုလဲ မကျီးသီး၊ ဆားနဲ့ နယ်ပြီးဆေး၊ ရေဆေးပြီး ရေစစ်ကာ ဆား၊ တရုတ်မဆလာ၊ ကြက်သွန်ဖြူ ထည့်၍ ပြုတ်ထားပါ။
  3. ဆီပူမှာ ပြုတ်ထားသော အသားစုံကို ထည့်ကြော်ပါ။ အရောင် ရရုံပါ။
  4. ပြီးရင် ဆယ်ထားပြီး ဆီကို ခပ်ထုတ်ပြီး ငရုတ်ခြောက် ထည့်ကြော်ပါ။
  5. ရဲလာလျှင် ဆယ်ထားပြီး ကြက်သွန်ဖြူ၊ ဂျင်း ပါးပါးလှီး ဆီသတ်ပါ။
  6. ပြီးလျှင် အသီးအရွက် များထည့်ပါ။ အရသာ ထည့်ပါ။ အရောင် ပြောင်းလာလျှင် အသားများထည့်မွှေပါ။
  7. ကြက်သွန်နီကို လေးစိတ်စိတ် အလွှာခွှာ ထည့်ပါ။ ခရုဆီထည့်ပါ။ ကြက်ပြုတ်ရည်(သို့)ရေနွေးအနည်းငယ်ထည့်ပါ။
  8. ဆူလာလျှင် ကော်မှုန့်ကို အရေဖျော် ထည့်ပါ။ တရုတ် နံနံထည့်၊ ငရုတ်ကောင်း ဖြူးကာ သုံးဆောင် နိုင်ပါပြီ။
Credit: ချက်ကြည့်ကြစို့

Review

User Rating

4 (6 Votes)