အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အာလူးချောင်းကို အမြင်တစ်မျိုးလေးဆန်းစေပြီး အရသာရှိစေမယ့် အာလူးချောင်း မွှကြော် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • အာလူး မီးကင် ၄ လုံး
  • ကြက်ဥ ၂ လုံး
  • နို့ ခွက်တစ်ဝက်
  • မိမိနှစ်သက်ရာ ဂျုံမှုန့် (သို့) ပြောင်းဖူးမှုန့် ၂ ခွက်

  • ဆား အနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ကြက်သွန်ဖြူထောင်း အနည်းငယ်
  • ငရုတ်သီးမှုန့်အနည်းငယ်
  • ဆီ

ဆော့စ်လုပ်ရန်

  • Mayonnaise ၁ ခွက်
  • ခရမ်းချဉ်သီး ဆော့စ် အနည်းငယ်
  • ငရုတ်သီးဆော့စ် စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်း

အရင်ဆုံး အာလူးမီးကင်ကို အတုံးလေးတွေလှီးလိုက်ပါ။

ကြက်ဥ နဲ့ နို့ကို အတူတူရောလိုက်ပါ။

ပြီး၇င် ဂျုံမှုန့် ၊ ဆား၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်တို့ကိုထည့်ပြီး မွှေပေးပါ။

ပြီးရင် အာလူးထည့်လိုက်ပြီး ခဏလောက် နှစ်ထားပါ။

ပြီးရင် ဆီကို အပူပေးလိုက်ပြီး တခါကြော်ရင် ၄ ၊ ၅ ခုလောက်ကြော်ပေးလိုက်ပါ။

ကြွပ်ကြွပ်လေးဖြစ်သွားရင် သုံးဆောင်လို့ရပါပြီ။

ဆော့စ်လုပ်တဲ့ ပါဝင်ပစ္စည်းတွေကို အတူတူရောလိုက်ပြီး အာလူးကြွပ်ကြော်လေးနဲ့ တို့စားလိုက်ပါ။

Source: www.mandyrecipeboxblog.com

By: MyFood Myanmar