ပုဇွန် - Prawn | အကြော် - Fried

ပုဇွန် နှင့် မှို ဖူယောင်

August 6, 2016

ပုဇွန် နှင့် မှို ဖူယောင်

Share this on:

မှိုဖူယောင် ၂

မှိုဖူယောင် ၁

ပုဇွန် နဲ့ မှိုဟင်း ချက်ရန်အတွက် လိုသောအစာပလာများ

  • ဆီ - ဟင်းခပ်ဇွန်းကြီး တစ်ဝက်
  • တောက်တောက်စင်း ထားသော ပုဇွန် - ၁ ဇွန်းခွဲခန့် (ဟင်းခပ်ဇွန်းကြီး)
  • တောက်တောက်စင်း ထားသော မှို - ၁ ဇွန်းခွဲခန့် (ဟင်းခပ်ဇွန်းကြီး)
  • တောက်တောက်စင်း ထားသော မုန်လာဥနီ - ၁ ဇွန်း (ထမင်းစားဇွန်း)
  • ပါးပါးလှီးထားသော ပူစီနံ - ၁ ဇွန်း (ထမင်းစားဇွန်း)
  • ပါးပါးလှီးထားသော ရှောက်ရွက် - ၁ ဇွန်း (ထမင်းစားဇွန်း)
  • ရေ - ၁ ဇွန်း (ဟင်းခပ်ဇွန်းကြီး)
  • ခရုဆီ - တစ်ဝက် (ဟင်းခပ်ဇွန်းကြီး)
  • Sweet Chilli Fish Sauce - ၂ ဇွန်း (ဟင်းခပ်ဇွန်းကြီး)
  • ကော်ရည် - ကော်မှုန့် (ထမင်းစားဇွန်း တစ်ဝက်) နှင့် ရေ (ထမင်းစားဇွန်း ၁ ဇွန်း) ရောဖျော်ထားသော အရည်

ပုဇွန် နဲ့ မှိုဟင်း ချက်ပြုတ်နည်း

  1. Sauce နှင့် အဆာပလာတွေ ရပြီဆိုတော့ ဟင်းကို စချက်ပါ တော့မယ် ။
  2. ဆီကို အနည်းငယ် အပူပေးကာ ပုဇွန်ကို ထည့်ကြော်ပါ ။
  3. ပုဇွန် တစ်ဝက်လောက် ကျက်လျှင် မုန်လာဥနီ ၊ မှို ၊ ပူစီနံ ၊ ရှောက်ရွက် တို့ကို ထည့်ပါ ။
  4. ၁ မိနစ်ခန့် ကြော်ပြီးလျှင် ခရုဆီ နှင့် Sweet Chilli Fish Sauce ကိုထည့်ပါ ။ ရေ ကိုထည့်ပါ ။
  5. ရေဆူလျှင် ဖျော်ထားသော ကော်မှုန့် ကိုထည့်ပါ ။ အရည်ပျစ်ပျစ်လေး ဖြစ်သွားလျှင် ဖူယောင်ပေါ် ဆမ်းရန် အဆင်သင့်ဖြစ်ပြီမို့ မီးဖိုမှ ချပါ ။
ပုဇွန် နဲ့ မှိုဟင်း ချက်ဖို့ အတွက်လိုသော Sweet Chilli Fish Sauce

  • ငရုတ်သီးစိမ်းထောင်း – ၁ ဇွန်းခွဲ (လက်ဖက်ရည်ဇွန်း)
  • ကြက်သွန်ဖြူထောင်း – ၁ ဇွန်းခွဲ (လက်ဖက်ရည်ဇွန်း)
  • ဟင်းချိုမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
  • သံပုရာရည် – ၈ ဇွန်း (ထမင်းစားဇွန်း)
  • ငါးငံပြာရည် – ၁၂ ဇွန်း (ထမင်းစားဇွန်း)
  • သကြား – ၉ ဇွန်း (ထမင်းစားဇွန်း)
  • ရေနွေး – ၁၀၀ ml

    Sauce ပြုလုပ်နည်း

    အားလုံးကို ရောပြီးဖျော်ကာ အနည်းဆုံး ၁ နာရီလောက် ထားပြီးမှ သုံးပါ ။ အချိန်ကြာလာလေ ပိုမွှေးပြီး ပိုစားကောင်းလာသော Sauce အမျိုးအစားဖြစ်ပါတယ်။ အသားကြော် ၊ ကော်ပြန့်ကြော် အစရှိသော အကြော် အမျိုးမျိုးဖြင့် တို့စားနိုင်သလို ၊ အသုပ်များ သုပ်ရာတွင်လည်း အသုံးပြုနိုင်ပါတယ် ။ ပိုသည့် Sauce များကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားလျှင် ၂ လ ခန့် ခံပါသည် ။


    ဖူယောင် အတွက် ပါဝင်ပစ္စည်းများ

  • ကြက်ဥ - ၆ လုံး
  • ကော်မှုန့် - ဇွန်းဝက် (ထမင်းစားဇွန်း)

    ဖူယောင် ပြုလုပ်နည်း

    1. ကြက်ဥ ၆ လုံးကိုခွဲပြီး အကာများကို ဇလုံအကြီးတစ်လုံးထဲ ထည့်ပါ ။ ကော်မှုန့် ကိုထည့်ပါ ။

    2. ထိုအချိန်တွင် ဆီအများကြီး ထည့်ထားသော အိုးကို ကြက်ဥ ပွလာသည်နှင့် ကြော်နိုင်အောင် အပူပေးထားပါ ။

    3. ကြက်ဥ အကာများကို ကြက်ဥ မွှေသောစက်ဖြင့် ပွတက်လာအောင် ဖြည်းဖြည်းချင်း မွှေသွားပါ ။

    4. ၇ ဆလောက် ပွလာလျှင် ဆီသုတ် ထားသော ပန်းကန်ထဲ လောင်းထည့်ပါ ။

    5. ပြီးလျှင် အတော်လေး ပူနေသော ဆီအိုးထဲ ထည့်ကာ ၅ မိနစ်ခန့် ကြော်ပါ ။

    6. ကြော်နေသောအချိန်တွင် ဆီပူများကို ဇွန်းနှင့်ခပ်ပြီး ကြက်ဥအကာ ပေါ်ကို ၁၀ ကြိမ်လောက် ဖြန့်ပြီးလောင်းပေးပါ ။

    7. နောက်တစ်ဖက်ကို လုံးဝလှန်မကြော်ပဲ တစ်ဖက်ထဲ ကြော်ပါ ။ ပုံတွင်ပြထား သကဲ့သို့ ဖြစ်လာလျှင် ဇွန်း ၂ ချောင်းနှင့်ထိန်းမပြီး ပန်းကန်ထဲထည့်ပါ ။

    8. ပန်းကန်ထဲမှ ဖူယောင်အား ဓါးနှင့် ခရေပွင့် ပုံစံ လှီးပါ ။ ပြီးလျှင် ပုဇွန် နှင့် မှို ကိုချက်ထားသော ဟင်းအနှစ်အား ဖြည်းဖြည်းလေးလောင်းထည့်ပါ ။

    9. ချစ်စရာ ကောင်းလှသော ပုဇွန် နှင့် မှို ဖူယောင်အား အရသာရှိစွာ စားသုံးနိုင်ပါပြီ ။


    ** ပိုသည့် ကြက်ဥ အနှစ်များကို ဖူယောင်နှင့် တွဲဖက်စားရန် ကြော်သည့် အခေါက်ကင် ထမင်းကြော် (သို့) မိမိကြိုက်သည့် ထမင်းကြော် တစ်မျိုးမျိုးထဲ ထည့်ကြော်နိုင်ပါတယ် ။

    Credit: Chaw Su's Food Friends
  • Review

    User Rating

    0 (0 Votes)