ပုဇွန်ခွက်ကြော်သုပ်

Share this on:

ရုံးအားရက်ဆိုတော့ ကလေးတွေ တောင်းဆိုတဲ့ ပုဇွန်ခွက်ကြော်သုတ်ကို အိမ်မှာလုပ်ပါတယ် ။ မိုးဦးကျ ပုဇွန်အခွံပျော့လေးတွေ ပေါ်နေတာ တွေ့တော့ အတော်ဘဲပေါ့ ။ ပုဇွန်ခွက်ကြော်ရင် ပုဇွန်အခွံပျော့ နှင့်မှ ကောင်းပါတယ် ။ ပုဇွန်အခွံမာရင်က တခုလုံး ဂျိုးဂျိုးဂျွတ်ဂျွတ်စားဘို့က မကောင်း အခွံနွှာပြန်ရင်လည်း မကြွပ်ဆိုတော့ ပုဇွန်အခွံပျော့က အကောင်းဆုံးပါဘဲ ။ မိသားစုတွေ စုံရင် ချက်စားဘို့ ကောင်းတဲ့ အစာတမျိုးမို့ မျှဝေလိုက်ပါတယ် ။ စားကောင်းကြပါစေ ။

IMG_4369

IMG_4362

IMG_4363

ပါဝင်ပစ္စည်းများ

  • ပုဇွန်အခွန်ပျော့
  • ပဲပင်ပေါက်
  • ဂေါ်ဖီ
  • သခွားသီး
  • နံနံပင်
  • ပူတီနံ
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ငရုတ်ခြေက်အနီတောင့်
  • မကျီးမှည့်
  • ထန်းလျက်
  • ငရုတ်သီးစိမ်း
  • ငရုတ်အကျက်မှုန့်
  • ပဲမှုန့်
  • အကြော်မှုန့်
  • ကောက်ညှင်းမှုန့်
  • နနွင်းမူန့်
  • ဆား
  • ဆီ

ပြင်ဆင်ပြုလုပ်နည်း

  1. ပုဇွန်အရွယ် မကြီးမသေး အခွန်ပျော့လေးတွေကို အခွံမခွာဘဲ ကပ်ကြေးနှင့် ပုဇွန်ခေါင်းချွန် နှင့် အောက်ပိုင်း အမြီးပိုင်းကို ညှပ်ပြီး ပုဇွန်ခေါင်းထဲရှိ အစာအိတ်အမဲကိုထုတ်ပြီး ရေဆေးရ်ျ ရေစစ်ထားပါ ။
  2. ပဲပင်ပေါက်ကိုလည် ရေစစ်ပြီး စစ်ထုတ်ထားပါ ။
  3. သခွားသီး အချောင်းလေးတွေလှီး ၊ ဂေါ်ဖီထုပ်ကို ပါးပါးလှီး ၊ လှီးထားသော နံနံပင် ၊ ခြွေထားသော ပူတီနံကို အားလုံးကို ပေါင်းစပ်လိုက်ပါ ။
  4. မကျီးမှည့်ကို ရေဆေးပြီး ရေနွေး နှင့် စိမ်ထားပါ ။
  5.  ထောင်းထားသော ငရုတ်ခြောက်အနီ ၊  ကြက်သွန်နီ ကို ဆီသပ်ပါ ။  ပြီးလျင် မကျီးမှည့်ရည် ၊ ထန်းလျက် ၊ ဆား ၊ မြန်မာငံပြာရည်တို့နှင့် ငရုပ်ဆီမကျည်းရည်ကို တည်ပါ ။  ငရုပ်ဆီမကျည်းရည် မီးဖိုပေါ်မှ မချမီ ညက်နေအောင် ထောင်းထားသော   ကြက်သွန်ဖြူကို ထည့်ရ်ျ မွှေပါ ။   ငရုပ်ဆီမကျည်းရည် အေးသွားလျင် သေးသေးလှီးထားသော ငြုတ်သီးစိမ်း ၊  ငြုတ်သီးမှုန့် ၊ နံနံပင်တို့ ထည့်ရ်ျ ချိုချဉ်ငံစပ် အချဉ်ရည်ဖျော်ပါ ။
  6.  ကြက်သွန်ဖြူကို  ဆီချက် ချက်ထားပါ ။
  7. အကြော်မူန့် နှင့် ကောက်ညင်းမှုန့်တွေကို ဇလုံတခုထဲ ထည့်ရ်ျ  ရေနဲနဲစီ ထည့်ပြီး နှံ့အောင်နယ်ပြီး အကြော်ကြော်ရန် မုန့်နှစ်ကို ဖျော်ပါ ။   မုန့်နှစ်ရည် အစဉ်သင့်ဖြစ်လျင် ပဲပင်ပေါက်ကို ထည့်ပြီး နှံ့အာင်နယ်ပါ ။
  8. ကြော်ခါနီးတွင် ကော်ဖီပုဂံပြားသေးပေါ်ကို  ပဲပင်ပေါက်မုန့်နှစ်နှင့် ပုဇွန်ကို အပေါ်က တင်ပြီး ဆီပူပူမှာ ကြော်ပါ ။
  9. စားတော့မည်ဆိုလျင် စတီးဖလုံထဲတွင် ပုဇွန်ခွက်ကြော် တစ်ခုကို ညှပ်၊ ရောထားသောအရွက်များ ( သခွားသီး ၊ ဂေါ်ဖီ ၊ နံနံပင် ၊ ပူတီနံ) ဆား ၊ ဆီချက် ၊ ပဲမူန့် ၊ အချဉ်ရည်ရွဲရွဲဆမ်းပြီး နှံ့အောင်နယ်ပြီး စားရန် အသင့် ဖြစ်ပါပြီ ။ အစပ်နှစ်သက်သူများက  ငြုတ်သီးစိမ်း ၊ ငြုတ်အကျက်မူန့် ကိုထပ်မံ ဖြည့်စွက်ရ်ျ စားနိုင်ပါသည် ။
  10. ပုဖွန်ခွက်ကြော်သုတ်ကို ကြာဇံကြော် ခြောက်ခြောက်လေး (သို့မဟုတ်) ထမင်းပူပူ နှင့်လည်း တွဲဖက် စားနိုင်ပါသည် ။
My Food Myanmar

Review

User Rating

4.7 (7 Votes)