နွေရာသီရဲ့ အပူချိန်ကို ရေခဲချောင်းလေးစားပြီး အံ့တုလို့ရအောင် သီးစုံရေခဲချောင်း ပြုလုပ်နည်းလေး ဝေမျှပေးချင်ပါတယ်။ ပစ္စည်းကိရိယာတွေအနေနဲ့ ရေခဲချောင်းပြုလုပ်မယ့် ပုံစံခွက်လေးရယ်၊ တုတ်ချောင်းတွေနဲ့ သစ်သီးလေးတွေပဲဖြစ်ပါတယ်။ ခက်ခက်ခဲခဲပြုလုပ်စရာမလိုဘဲ လွယ်ကူရိုးရှင်းတာကြောင့် အိမ်မှာ အလွယ်တကူပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကီဝီသီး ၂ လုံး
  • မက်မွန်သီး ၂ လုံး
  • စတော်ဘယ်ရီ အနည်းငယ်

  • ရက်ဘယ်ရီ အနည်းငယ်
  • ဘလူးဘယ်ရီ အနည်းငယ်
  • ပန်းသီးဖျော်ရည် ၄၇၀ မီလီလီတာ (ဖန်ခွက် ၂ ခွက်ခန့်)

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ကီဝီနဲ့ မက်မွန်သီးတို့ကို အခွံခွာပြီး ပါးပါးလှီးထားပါ။

၂။ စတော်ဘယ်ရီတစ်လုံးစီကို သုံးပိုင်း လှီးဖြတ်ထားပါ။

၃။ စတော်ဘယ်ရီ၊ ကီဝီနဲ့ မက်မွန်သီးများကို ရေခဲချောင်း ပြုလုပ်တဲ့ ပုံစံခွက်များထဲသို့ ထည့်လိုက်ပါ။ ထိုအသီးများ ပိုလျှံနေသေးပါက ပုံစံခွက်ထဲထည့်ထားသော အသီးများကို အနည်းငယ်ဖိသိပ်ပေးလိုက်ပါ။

၄။ လွတ်လပ်နေသော နေရာများထဲသို့ ဘလူးဘယ်ရီသီးနှင့် ရက်ဘယ်ရီသီးများ ထပ်ထည့်လိုက်ပါ။ သစ်သီးများ မကုန်တော့တဲ့အထိ ဖိသိပ်ထည့်ပေးပါ။

၅။ ထို့နောက် ပန်းသီးဖျော်ရည် လောင်းထည့်လိုက်ပါ။ ပုံစံခွက်ပြည့်လျှံနေအောင်မထည့်ဘဲ ၈ ပိုင်း ၁ ပိုင်း လက်မခန့် နေရာလွတ်ချန်ထားပါ။ ရေခဲတုတ်ချောင်းကို အလယ်တည့်တည့်မှာ ထိုးထည့်ပေးလိုက်ပါ။

၇။ အားလုံးပြီးသွားတဲ့အခါ ရေခဲသေတ္တာ အအေးခန်းထဲမှာ တစ်ညခန့် စိမ်ထားပါ။ စားခါနီးမှာ ရေခဲချောင်းကို ပုံစံခွက်ထဲက ဖယ်ထုတ်ချင်တဲ့အခါ ရေနွေးနွေးနဲ့ ဆေးချပေးလိုက်ပါ။

ဒါဆိုရင်တော့ ကလေး၊ လူကြီးအားလုံး ကြိုက်နှစ်သက်တဲ့ သီးစုံရေခဲချောင်း ရရှိသွားပါပြီ။

ဒီသစ်သီးလေးတွေမဟုတ်လည်း မိမိကြိုက်နှစ်သက်တဲ့ သစ်သီးများနဲ့ အစားထိုး အသုံးပြုနိုင်ပါသေးတယ်။

Source: onelittleproject.com