(Unicode)

ကိုယ်အလေးချိန် လျော့ချချင်ရင် အဓိက အရေးကြီးတာက ကိုယ်စားတဲ့ ကယ်လိုရီနဲ့ ကိုယ်အသုံးပြုလိုက်တဲ့ ကယ်လိုရီက ပိုများဖို့အရေးကြီးပါတယ်။

ယနေ့ခေတ် လူမှုဘဝပုံစံက လှုပ်ရှားမှု နည်းအောင် ဖန်တီးပေးထားပါတယ်။ ဒါ့ကြောင့် ကိုယ်စားသုံးတဲ့ ကယ်လိုရီလောက် ကိုယ့်တစ်နေ့တာ လှုပ်ရှားမှုက မလောင်ကျွမ်းနိုင်ကာ ကိုယ်အလေးချိန်ကို တက်တက်လာပါတယ်။

တချို့ကလည်း ကယ်လိုရီ စားသုံးတာလျော့ဖို့ ညနေစာ မစားကြပါဘူး။ လုံး၀ မစားတာထက်စာရင် ကယ်လိုရီပါဝင်မှုနည်းပြီး ဗိုက်ပြည့်စေမယ့် အသီးအနှံလေးတွေစားသုံးသင့်ပါတယ်။

ကီဝီသီး၊ စတော်ဘယ်ရီ၊ လိမ္မော်သီး တို့နဲ့ ပြုလုပ်ထားတဲ့ Fruits Salad လေးကို ဝေမျှချင်ပါတယ်။

ပါဝင်ပစ္စည်းများ (လူ ၄ ယောက်စာ အတွက်)

လိမ္မော်သီး ၂ လုံး

စတော်ဘယ်ရီသီး ၁၂ အောင်စ

ကီဝီသီး ၄ လုံး

သံပုရာရည် စားပွဲတင်ဇွန်း ၃ ဇွန်း

Maple Syrup စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

လိမ္မော်သီးတွေကို အခွံခွာပြီး လှီးထားပါ။ စတော်ဘယ်ရီသီးတွေကို ရေဆေးပြီး အညှာဖြုတ်ပါ။ ကီဝီသီးတွေကို အခွံခွာပြီး အတုံးလေးတွေ လှီးထားပါ။

ပါဝင်ပစ္စည်းအားလုံးကို ခွက်ကြီးကြီးတစ်ခွက်ထဲထည့်ပြီး နှံ့စပ်အောင် နယ်ပါ။

အရသာရှိတဲ့ Fruits Salad ကို စားသုံးလို့ရပါပြီ။

(Zawgyi)

ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်ခ်င္ရင္ အဓိက အေရးႀကီးတာက ကိုယ္စားတဲ့ ကယ္လိုရီနဲ႔ ကိုယ္အသံုးျပဳလိုက္တဲ့ ကယ္လိုရီက ပိုမ်ားဖို႔အေရးႀကီးပါတယ္။

ယေန႔ေခတ္ လူမႈဘ၀ပံုစံက လႈပ္ရွားမႈ နည္းေအာင္ ဖန္တီးေပးထားပါတယ္။ ဒါ့ေၾကာင့္ ကိုယ္စားသံုးတဲ့ ကယ္လိုရီေလာက္ ကိုယ့္တစ္ေန႔တာ လႈပ္ရွားမႈက မေလာင္ကၽြမ္းႏိုင္ကာ ကိုယ္အေလးခ်ိန္ကို တက္တက္လာပါတယ္။

တခ်ိဳ႕ကလည္း ကယ္လိုရီ စားသံုးတာေလ်ာ့ဖို႔ ညေနစာ မစားၾကပါဘူး။ လံုး၀ မစားတာထက္စာရင္ ကယ္လိုရီပါ၀င္မႈနည္းၿပီး ဗုိက္ျပည့္ေစမယ့္ အသီးအႏွံေလးေတြစားသံုးသင့္ပါတယ္။

ကီ၀ီသီး၊ စေတာ္ဘယ္ရီ၊ လိေမၼာ္သီး တို႔နဲ႔ ျပဳလုပ္ထားတဲ့ Fruits Salad ေလးကို ေ၀မွ်ခ်င္ပါတယ္။

ပါ၀င္ပစၥည္းမ်ား (လူ ၄ ေယာက္စာ အတြက္)

လိေမၼာ္သီး ၂ လံုး

စေတာ္ဘယ္ရီသီး ၁၂ ေအာင္စ

ကီ၀ီသီး ၄ လံုး

သံပုရာရည္ စားပြဲတင္ဇြန္း ၃ ဇြန္း

Maple Syrup စားပြဲတင္ဇြန္း ၁ ဇြန္း

ျပဳလုပ္နည္း

လိေမၼာ္သီးေတြကို အခြံခြာၿပီး လွီးထားပါ။ စေတာ္ဘယ္ရီသီးေတြကို ေရေဆးၿပီး အညွာျဖဳတ္ပါ။ ကီ၀ီသီးေတြကို အခြံခြာၿပီး အတံုးေလးေတြ လွီးထားပါ။

ပါ၀င္ပစၥည္းအားလံုးကို ခြက္ႀကီးႀကီးတစ္ခြက္ထဲထည့္ၿပီး ႏွံ႔စပ္ေအာင္ နယ္ပါ။

အရသာရွိတဲ့ Fruits Salad ကို စားသံုးလို႔ရပါၿပီ။