အသီးစုံသုပ် (Fruit Salad with Yoghurt and Mixed Fruits)aပါဝင်ပစ္စည်းများ

  • သစ်သီးအစုံ – ၆၀၀ ဂရမ်
  • သံပုရာရည် – ဇွန်းတစ်ဝက်(စားပွဲတင်ဇွန်း)
  • ပျားရည် – ၂ဇွန်း (စားပွဲတင်ဇွန်း)
  • ဒိန်ချဉ် (Yoghurt) – ၄၀၀ မီလီလီတာ တစ်ဗူး
  • သကြား – ၃ဇွန်း (စားပွဲတင်ဇွန်း)

ပြင်ဆင်ပြုလုပ်နည်း

  1. ဒီအသီးစုံသုပ်နည်းကတော့ ကိုယ်ကြိုက်နှစ်သက်ရာ အသီးအစုံထည့်ပါ ။ (သရက်သီး ၊ စတော်ဘယ်ရီ၊ သခွားမသီး ၊ လိမ္မော်သီး.. …..)သစ်သီးအစုံကို ပန်းကန်လုံးထဲထည့်ပါ ။
  2. သစ်သီးအစုံ – ၆၀၀ ဂရမ် ၊ သံပုရာရည် – ဇွန်းတစ်ဝက်(စားပွဲတင်ဇွန်း) ၊  ပျားရည် – ၂ဇွန်း (စားပွဲတင်ဇွန်း)၊  ဒိန်ချဉ် (Yoghurt) – ၄၀၀ မီလီလီတာ တစ်ဗူး ၊ သကြား – ၃ဇွန်း (စားပွဲတင်ဇွန်း) အားလုံးကို သမအောင် ရောမွှေပြီး   အေးစေရန်အတွက်   ရေခဲသေတ္တာထဲ ခဏထည့်ပြီး အသင့်စားသုံးနိုင်ပါသည် ။

(မှတ်ချက်။ ။ ပုံတွင်ပြထားသည့် အသင့်စားဒီန်ချဉ် (Yoghurt) ဗူးများ စီးတီးမက်ကဲ့သို့ Market များတွင် ဝယ်ယူလို့ရပါသည်။)

Credit: ဇွဲသုသု