လူတစ်ယောက်ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေဖို့ဆိုတာ ကျန်းမာရေးအတွက်ရော၊ အလှအပအတွက်ပါအရမ်းကို အရေးကြီးတဲ့အရာတစ်ခုလို့ဆိုလို့ရပါတယ်။ လူတစ်ယောက်မှာ ရေဓာတ်ကောင်းကောင်းမပြည့်ဝနေဘူးဆိုရင် ကျန်းမာရေးပြဿနာတွေအပြင် အသားအရေခြောက်သွေ့တာတွေ ဖြစ်လာနိုင်တယ်ဆိုတာကိုတော့ လူတိုင်းသိထားပြီးသားပါ။

ရေကောင်းကောင်းမသောက်ဖြစ်ဘူးဆိုရင်တော့ ရေဓာတ်ပြည့်ဝစေမယ့် ဒီလိုအစားစာမျိုးတွေကို ပုံမှန်လေးစားပေးနေမယ်ဆိုရင်တော့ ပျိုမေတို့ရဲ့ခန္ဓာကိုယ်မှာ ရေဓာတ်မပြည့်ဝနေတာမျိုးတွေ မဖြစ်လာနိုင်တော့ပါဘူးနော်။

သခွားသီး

သခွားသီးကတော့ စားလိုက်တာနဲ့ရေဓာတ်တွေ ပါဝင်နေတယ်ဆိုတာလုံးဝကို သိသာစေတဲ့အရာပဲဖြစ်ပါတယ်။ သခွားသီးကတစ်ခြားအသီးအနှံတွေထက် ရေဓာတ် ၉၅ ရာခိုင်နှုန်းလောက်ပါဝင်နေတာကြောင့် ထမင်းစားရင်နဲ့ သခွားသီးလေးကိုက်ပေးရင်တောင် ရေဓာတ်ခမ်းခြောက်တာမျိုးတွေ ရှိလာမှာမဟုတ်တော့ပါဘူး။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကလည်း အသားအရေကိုစိုပြေပြီး လှပစေဖို့အတွက် များစွာအထောက်အကူပြုနေသလို ခန္ဓာကိုယ်ထဲမှာရှိနေတဲ့မကောင်းတဲ့ အဆိပ်အတောက်တွေကိုပါ လျော့နည်းစေတယ်လို့သိရပါတယ်။ ခရမ်းချဉ်သီးက ရေဓာတ် ၉၄ ရာခိုင်နှုန်းလောက်ပါဝင်နေတာဆိုတော့ ရေဓာတ်ကောင်းကောင်းပြည့်ဝစေဖို့ ကူညီပေးနိုင်တယ်လို့ သတ်မှတ်လို့ရပါတယ်။

စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးတွေကတော့ တစ်နှစ်ပတ်လုံးပေါ်နေတဲ့ အသီးမဟုတ်ဘူးဆိုပေမယ့် သူမှာလည်းလိုအပ်တဲ့ရေဓာတ်တွေကို ဖြည့်တင်းပေးနိုင်လောက်တဲ့အထိ ရေဓာတ်တွေပါဝင်နေပါတယ်။ ရေဓာတ်ပြည့်ဝစေတဲ့ အစားစာတွေထဲမှာ အချိုဆုံးနဲ့ အရသာအရှိဆုံးအသီးလို့ဆိုလို့ရပါတယ်နော်။

ဟင်းနုနွယ်ရွက်

ဟင်းနုနွယ်ရွက်ဆိုရင် အားလုံးပဲကြိုက်ကြမယ်လို့ထင်ပါတယ်။ သူ့မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အမျှင်ဓာတ်တွေ၊ ပရိုတင်းဓာတ်တွေနဲ့ သံဓာတ်တွေပါဝင်နေတော့ ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူပြုနေပါတယ်။ ရေဓာတ်လည်းပြည့်ဝစေတဲ့ အစားစာဆိုတော့ မကြာခဏစားပေးဖို့လိုအပ်ပါတယ်။

ဖရဲသီး

ဖရဲသီးကလည်းမြင်လိုက်တာနဲ့ ရေဓာတ်ပြည့်ဝစေမယ့် အသီးလို့လူတိုင်းတန်းသိနိုင်မယ့် အရာမျိုးလို့ဆိုလို့ရပါတယ်။ အရသာလည်းရှိပြီး နွေရာသီလိုပူအိုက်နေတဲ့အချိန်မျိုးမှာ စားသုံးပေးမယ်ဆိုရင်တော့ မောပန်းတာတွေကိုချက်ချင်းဆိုသလို ပြေလျော့သွားစေမှာပဲဖြစ်ပါတယ်။

ဒီလိုအသီးအနှံတွေကို ပုံမှန်စားသုံးပေးနေမယ်ဆိုရင်တော့ ပျိုမေတို့ရဲ့ ခန္ဓာကိုယ်မှာရေဓာတ်ခမ်းခြောက်ပြီး အသားအရေခြောက်သွေ့တာမျိုးတွေ ရှိလာတော့မှာမဟုတ်ပါဘူး။