ဝိတ်ကျချင်တဲ့သူတွေအနေနဲ့ ညနေစာကို ဘာမှမစားဘဲ နေတာထက်စာရင် သစ်သီး Salad လေးတွေ၊ အသီးအရွက် Salad လေးတွေ စားသုံးပေးတာ ပိုကောင်းပါတယ်။ ဒါလေးတွေစားပေးတော့ ဗိုက်လည်းပြည့်တဲ့အပြင် ၀ိတ်လည်းပိုကျစေတာပေါ့။

ဒါကြောင့် ၀ိတ်ကျချင်တဲ့သူတွေစားသုံးပေးရမယ့် သစ်သီး Salad (၄) မျိုး ပြုလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ ဒီထဲက ကိုယ်နဲ့အဆင်ပြေတဲ့တစ်မျိုးကိုပဲ ရွေးချယ်စားသုံးနိုင်ပါတယ်။

ပထမတစ်မျိုးအတွက် ပန်းကန်လုံးအကြီးထဲကို အတုံးသေးလေးတွေလှီးထားတဲ့ လိမ္မော်သီး – ၂ လုံး၊ စတော်ဘယ်ရီ – ၁၂ အောင်စ၊ သရက်သီး – ၂ လုံး၊ ကီဝီသီး – ၄ လုံး ထည့်ပေးပါ။ ပြီးတာနဲ့ သံပုရာရည် – စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပြီး သမအောင်နယ်ပါ။ ပြီးရင်တော့ စားသုံးနိုင်ပါပြီ။

Source: www.tasty.com

ဒုတိယတစ်မျိုးကတော့ ပန်းကန်လုံးအကြီးထဲကို အတုံးသေးသေးလေးတွေလှီးထားတဲ့ ငှက်ပျောသီး – ၃ လုံး၊ စတော်ဘယ်ရီ – ၁၂ အောင်စနဲ့ Raspberries – ၁၂ အောင်စတို့ကိုထည့်ပြီး ခုနကလိုပဲ သံပုရာရည် – စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ကာ သမအောင်နယ်ပေးပါ။ ပြီးရင်တော့ အသင့်စားသုံးနိုင်ပါပြီ။

Source: www.tasty.com

တတိယတစ်မျိုးအတွက် ပန်းကန်လုံးအကြီးထဲကို အတုံးသေးသေးလေးတွေလှီးထားတဲ့ နာနတ်သီး – ခွက် ၂ ခွက်စာ၊ သခွားမွှေးသီး – ခွက် ၂ ခွက်စာ၊ Honeydew – ခွက် ၂ ခွက်စာနဲ့ သရက်သီး – ခွက် ၂ ခွက်စာတို့ကိုထည့်ပြီး စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ကာ သမအောင်နယ်ပေးပါ။ ပြီးတာနဲ့ အသင့်စားသုံးနိုင်ပါပြီ။

Source: www.tasty.com

နောက်ဆုံးတစ်မျိုးအတွက် ပန်းကန်လုံးအကြီးထဲကို အတုံးသေးသေးလေးတွေလှီးထားတဲ့ စတော်ဘယ်ရီ – ၁၂ အောင်စ၊ Raspberries – ၁၂ အောင်စ၊ Blueberries – ၁၂ အောင်စ၊ Blackberries – ၈ အောင်စနဲ့ ဖရဲသီး – ခွက် ၃ ခွက်စာတို့ကိုထည့်ပြီး စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ကာ သမအောင်နယ်ပေးပါ။ ပြီးတာနဲ့ အသင့်စားသုံးနိုင်ပါပြီ။

Source: www.tasty.com

ဒီသစ်သီး Salad (၄) မျိုးထဲမှာတော့ ပထမဆုံးတစ်မျိုးက ပိုပြီးအဆင်ပြေစေမယ်လို့ ထင်ပါတယ်။

Source: www.tasty.com