ခေါင်းတစ်ခြမ်းကိုက်နေရင် အာရုံစိုက်ရတာခက်ခဲပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာဟာ တခါတလေ မိနစ်ပိုင်းအတွင်း ပျောက်ပေမယ့် တခါတလေ ကျရင် ရက်နဲ့ ချီပြီး ကြာမြင့်တတ်ပါတယ်။

ဒါကြောင့် အသီးဖျော်ရည်တွေသောက်ပြီး ပျောက်ကင်းနိုင်တဲ့ သဘာဝနည်းလမ်းကို ဝေမျှချင်ပါတယ်။

ဖရဲသီးနဲ့ သခွားသီး ဖျော်ရည်

Watermelon-and-pomegranate

ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ခေါင်းတစ်ခြမ်းကိုက်သူတွေအတွက် ဖရဲသီးနဲ့သခွားသီး ဖျော်ရည်က အကောင်းဆုံးပါဘဲ။ ရောင်ရမ်းတာတွေကို လျော့ပါးစေပါတယ်။

ပါဝင်ပစ္စည်းများ

  • ဖရဲသီး ၄ စိတ်
  • သခွားသီး တစ်ဝက်
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ ခွက် တစ်ဝက်
  • ပူစီနံရွက် ၂ ရွက်

watermelon5

ပြုလုပ်နည်း

ပူစီနံကလွဲပြီး ပါဝင်ပစ္စည်းတွေအားလုံးကို ဖျော်စက်ထဲထည့်ပြီး ဖျော်ပါ။ အားလုံးကြေပြီး ပျစ်ချွဲချွဲ အရည်ရတဲ့အထိ ဖျော်ပါ။ ပြီးရင် ပူစီနံရွက်ခပ်ပြီး သောက်လို့ရပါပြီ။

နာနတ်သီး၊ ငှက်ပျောသီး၊ အုတ်ဂျုံ (Oat)

Antioxidants, အမျှင်ဓာတ်၊ အစာခြေ အင်ဇိုင်းဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး အားအင်ကို ပြည့်စေပါတယ်။ သွေးလည် ပတ်မှုအားကို ကောင်းစေပြီး ရောင်ရမ်းခြင်းကို လျော့စေပါတယ်။

ပါဝင်ပစ္စည်းများ

 oats_32_large

နာနတ်သီး ၃ စိတ်

ငှက်ပျောသီး ၁ လုံး

အုတ်ဂျုံ စားပွဲတင်ဇွန်း ၃ ဇွန်း

ရေ တစ်ခွက်

271157-bananas

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေအားလုံးကို ဖျော်စက်ထဲထည့်ပြီး သောက်ပါ။