ပန်းသီး

red-apple

ပန်းသီးမှာ အမျှင်ဓာတ်တစ်မျိုးဖြစ်တဲ့ Pectin ဓာတ်ပါဝင်ပြီး အရည်နဲ့ ထိတွေ့လိုက်ရင် ပျစ်ချွဲချွဲဖြစ်သွားပါတယ်။ သူက အစာအိမ်နံရံက အကျိအချွဲ အလွှာ (Mucous Membrane) တွေကို ကာကွယ်ပေးပါတယ်။

ပုံမှန် စားပေးရင် ဝမ်းချုပ်တာနဲ့ အစာခြေ အက်ဆစ်အလွန်အကျွံထွက်တာကို ကာကွယ်ပေးပါတယ်။

တစ်နေ့ကို ပန်းသီး ၂ လုံးလောက်စားပါ။ ပန်းသီး ဖျော်ရည်လည်း လုပ်သောက်လို့ရပါတယ်။

အုန်းသီး

coconut-water

အုန်းသီးမှာ Antioxidants၊ Fatty အက်ဆစ် နဲ့သဘာ၀ အမျှင်ဓာတ်တွေပါဝင်တာကြောင့် အစာခြေစနစ်အတွက်ကောင်းမွန်ပါတယ်။

အုန်းသီးရော၊ အုန်းရေရောက အစာခြေ အက်ဆစ် အပေါ်ဆန်တက်ခြင်း (Heartburn) နဲ့ အစာအိမ်ရောင်ရမ်းတာကို သက်သာစေပါတယ်။ အက်ဆစ်ထုတ်လုပ်မှုကိုလည်း လျော့ချပေးပါတယ်။

ဗီတာမင်နဲ့သတ္တုဓာတ်တွေပါဝင်တာကြောင့် ဝမ်းသွားလို့ဆုံးရှုံးသွားတဲ့ဓာတ်တွေကိုလည်း ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။

အစာအိမ်ရောင်ရမ်းတာမျိုးဖြစ်နေရင် အုန်းရေသောက်ပေးလို့ရပါတယ်။ တစ်နေ့ကို အုန်းသီး အသား ၃ ကြိမ်စားပေးရင် အစာအိမ်ရောင်ရမ်းတာကို ကာကွယ်ပေးပါတယ်။