ဆီးချိုဖြစ်ပြီဆိုရင် အထူးသဖြင့် နှလုံးရောဂါအပါအဝင် တခြားရောဂါအမျိုးမျိုးဖြစ်လာနိုင်ချေရှိလို့ အစားအစာကိုအထူးဂရုစိုက် စားပေးဖို့လိုပါတယ်။

ပန်းသီး

apples

ပန်းသီးဟာ ဆီးချိုသမားတွေ စားပေးနိုင်တဲ့အသီးဖြစ်ပါတယ်။ ဆီးချိုသမားတွေ စားပေးနိုင်တဲ့အစားစာအညွှန်းတွေထဲမှာ ထိပ်တန်းက ဖော်ပြကြတဲ့အသီးပါ။

မာလကာသီး

Guava

မာလကာသီးကို အခွံမပါဘဲ စားသုံးတာဟာ သွေးတွင်းကို သကြားစုပ်ယူနိုင်မှု လျှော့နည်းစေပါတယ်လို့ ထိုင်ဝမ်ရှိ I-Shou University က လေ့လာတွေ့ရှိထားပါတယ်။ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့လည်း ဆီးချိုကို ထိန်းထားပေးနိုင်ပါတယ်။ သွေးလည်ပတ်မှုကိုလည်းကောင်းမွန်စေပြီး သွေးဖိအားကိုလည်း ထိန်းထားပးနိုင်ပါတယ်။

သင်္ဘောသီး

18big-papayas

သင်္ဘောသီးကို ဆီးချိုသမားတွေ စားပေးနိုင်ပါတယ်။ ဗီတာမင်နဲ့ တခြားသတ္တုဓါတ်တွေပါဝင်လို့ ဆီးချိုသမားတွေအတွက်သင့်တော်ပါတယ်။ ဆဲလ်တွေပျက်ဆီးခြင်းကနေလည်းကာကွယ်ပေးပြီး နှလုံးကိုလည်းကာကွယ်ပေးနိုင်သလို အာရုံကြောစနစ်ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ချယ်ရီသီး

cherries

ချယ်ရီသီးဟာ ဆီးချိုသမားတွေ စားသုံးနိုင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ အသီးမှာပါဝင်တဲ့ ဓါတ်တစ်မျိုးက အင်ဆူလင်ပမာဏကိုမြင့်တင်ပေးလို့ သွေးတွင်းသကြားဓါတ်ကို ထိန်းထားနိုင်ပါတယ်။ အဲဒီရဲ့ ဓါတ်ကိုတော့ Anthocyanins လို့ခေါ်ပြီး ချယ်ရီသီးအနီရောင်တောက်တောက်တွေမှာ ပိုပြီးပါဝင်ပါတယ်။

သစ်တော်သီး

Sweet pear

သစ်တော်သီးမှာ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်ပြီး တခြားအာဟာရဓါတ်တွေလည်းပါဝင်လို့ ဆီးချိုသမားတွေ စားသုံးပေးနိုင်ပါတယ်။

သလဲသီး

Pomegranate11

သလဲသီးမှာ Antioxidant တွေကြွယ်ဝစွာပါဝင်လို့ သွေးကြောတွေကို ကာကွယ်ပေးပါတယ်။ ဒါပေမယ့် ယိုထိုးထားတာ၊ ပြုပြင်ထားတာတွေကိုတော့ ရှောင်ပေးသင့်ပြီး သဘာဝအတိုင်းစားသုံးပေးသင့်ပါတယ်။

ဖရဲသီး

Water-Melon-Reduce-Belly-Fat

အများအားဖြင့် ဖရဲသီးကို ဆီးချိုသမားတွေ မစားရဘူးလို့ ယူဆလေ့ရှိပါတယ်။ ဒါဟာမမှန်ကန်ပါဘူး။ သူ့မှာ Glycemic Index အညွှန်းကိန်းများပေမယ့် Glycemic Load ပါဝင်မှုနည်းပါတယ်။ ဒါ့ကြောင့် သွေးတွင်းသကြားဓါတ်မြင့်မားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဖရဲသီးမှာ အဆီမပါသလို ကိုလက်စထရောလည်းပါဝင်မှုမရှိပါဘူး။ ဒါ့အပြင် ဗီတာမင်နဲ့ သတ္တုဓါတ်ပါဝင်ပါတယ်။

မက်မွန်သီး

hero-peaches

မက်မန်းသီးဟာ အဆီမပါတဲ့အသီးဖြစ်ပြီး ဗီတာမင်နဲ့ သတ္တုဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါပေမယ့်လည်း အများအပြား မစားပေးသင့်ပါဘူး။ ချင့်ချိန်ပြီး အတော်အသင့်ပဲ စားပေးနိုင်ပါတယ်။