အစားအစာတွေမှာ မြန်မာနည်း အရ အပူစာ အအေးစာ ဆိုပြီး ရှိပါတယ်။ သင်ဟာ ကျန်းမာရေး လိုက်စားသူ တစ်ယောက်ဆိုရင်တော့ ဒါတွေကို သိထားဖို့ လိုအပ်မယ် ထင်ပါတယ်။ အပူစာတွေကို စားတဲ့အခါမှာ အစာကြေ၊ ခံတွင်းမြိန်စေပြီး ချွေးထွက်စေပါတယ်။ အဆီကျခြင်းကို အားပေးပါတယ်။ ဒါပေမယ့် မကောင်းတဲ့ အချက်တွေကတော့ အပူစာကို အလွန်အကျွံစားမယ်ဆိုရင်တော့ ရေငတ်စေပါတယ်။ ဆံပင်ကျွတ်တာတို့  မူးဝေတာတို့ အပြင် တခြား မျက်လုံးနဲ့ပတ်သတ်တဲ့ရောဂါ၊ လိပ်ခေါင်းရောဂါတို့ကိုလည်း ဖြစ်စေပါတယ်။

အအေးစာကို စားသုံးပေးခြင်းဖြင့် ရစေတဲ့ အကျိုးကတော့ ဓာတ်ခုနှစ်ပါးကို တိုးပွားစေပါတယ်။ နို့ရည်ကို တိုးပွားစေတတ်ပြီး ဆီးဝမ်းလေ မှန်စေပါတယ်။ မကောင်းတဲ့ အကျိုးတွေကတော့ ပန်းနာရင်ကျပ်၊ ချောင်းဆိုး၊ အဆီပိတ်၊ အဆုတ်နာ၊ သွေးတိုး၊ အစာမကြေ၊ ဝမ်းဖော၊ ခေါင်းအုံ ခြင်း အစရှိတဲ့ ရောဂါတွေကို ဖြစ်စေတတ်တာပါ။ ဘယ်အစားအစာမှာ မဆိုတော့ ကောင်းကျိုး ဆိုးကျိုး ဒွန်တွဲနေတတ်ပါတယ်။ ဒါကြောင့်  ရာသီနဲ့ အချိန်အခါနဲ့ လိုကိပြီး စားသုံးတတ်ဖို့ လိုပါတယ်။

whole-foods-inside
အခုလို မိုးရာသီဆိုရင်တော့ အခါးဓာတ်ခံ ရှိတဲ့ အစားအစာတွေကို စားပေးသင့်ပါတယ်။ အပူစာ တစ်ချို့ကိုလည်း စားလို့ ရပါတယ်။ ဂွေးတောက်ရွက်၊ တမာရွက်၊ ကြက်ဟင်းခါးသီး၊ အစရှိတဲ့ အရွက်တွေကို  ဦးစားပေး စားသုံးသင့်ပါတယ်။ အပူစာတွေထဲမှာတော့ ကြက်သား၊ ကြက်ဥ၊ ဆိတ်သား၊ အမဲသား၊ တမာရွက်၊ သင်္ဘောသီးစိမ်း၊ ကြောင်လျှာသီး-ရွက်၊ ပင်စိမ်း၊ နံနံပင်၊ စပါးလင်၊ ဂျင်း၊ ငရုတ်သီး၊ ငရုတ်ကောင်း၊ ဂုံမင်း၊ ကြက်သွန်ဖြူ၊ မာလာဖူး၊ ဒန့်သလွန်သီး၊ ရဲယိုရွက်၊ ပဲကြီး၊ မျှစ်ချဉ်၊ ပဲအမျိုးမျိုး၊ ဂွေးတောက်ရွက်၊ ဆိတ်ဖူး၊ ဒူးရင်းသီး အစရှိတဲ့ အစားအစာတွေဟာ လူတွေ အစားများတဲ့ အစားအစာတွေပါ။

Food_Nutrition

အအေးစာတွေမှာ အစားများတဲ့ အသားနဲ့ ဟင်းရွက်တွေကတော့ ဝက်သား၊ ဘဲသား၊ ငါးအမျိုးမျိုး၊ ငါးရှဉ့်၊ ဘဲဥ၊ ပုဇွန်အမျိုးမျိုး၊ မှို၊ အင်ဥ၊ ကိုင်းဥ၊ ငါးဥ၊ ပဲမြစ်၊ အာလူး၊ ပြောင်းဖူး၊ နို့၊ ထောပတ်၊ မြေပဲ၊ ဘူးသီး၊ ဖရဲသီး၊ ရွှေဖရုံသီး၊ သခွားသီး၊ ရုံးပတီသီး၊ အုန်းသီး၊ ငှက်ပျောသီး၊ သရက်သီးမှည့်၊ မရမ်းသီး၊ သင်္ဘောသီးမှည့်၊ ပန်းသီး၊ ပိန္နဲသီး၊ ပန်းသီး၊ သစ်တော်သီး၊ နာနတ်သီး၊ လိမ္မော်သီး၊ သံပုရာသီး၊ ကျွဲကောသီး၊ ရှောက်ချိုသီး၊ မာလကာသီး၊ သြဇာသီး၊ ခရမ်းချဉ်သီး၊ စောင်းလျားသီး၊ ဆီးသီး၊ ဂွေးသီး၊ ခဝဲသီး၊ ဆီးဖြူသီး၊ ကင်းပုံသီး၊ ကြက်ဟင်းခါးသီး၊ ကင်းပုံသီး၊ ကြက်သွန်နီ၊ စပျစ်သီး၊ ထောပတ်သီး၊ သခွားသီး၊ နှင်းသီး၊ မက်မန်းသီး၊ မန်ကျည်းသီး ကနစိုးသီး နဲ့ တခြား အရွက်တွေဟာ အအေးစာတွေပါ။ (ဦးမြတ်ထွန်း-တိုင်းရင်းဆေး မှ ပြန်လည်ဖော်ပြသည်)

မိုးရာသီဟာ အအေးစာတွေ ပေါတဲ့ ရာသီပါ။ အအေးစာနဲ့ အပူစာကို တင့်သင့်မျှတအောင် စားပေးရင်း အားလုံးပဲ ကျန်းမာကြပါစေ။

ကိုးကား ဦးမြတ်ထွန်း-တိုင်းရင်းဆေး