တခါတလေ အသီးကို ဈေးမှာတွေ့ရင် အလုံးလှလှ အရောင်လှလှတွေကို ရွေးချယ်ဝယ်ယူကြတာများပါတယ်။ ဒါပေမယ့် အသီးတွေက အမှည့်လွန်တာတွေ၊ မမှည့်သေးတာတွေ ဖြစ်နေတတ်ပါတယ်။

ဒါကြောင့် အသီးတွေ ရွေးချယ်ဝယ်ယူနိုင်မယ့် နည်းလမ်းကို ဝေမျှချင်ပါတယ်။

နာနတ်သီး

14628410-25829510-8-0-1496749486-1496749494-650-1-1496749494-650-a91f2344ee-1496928386

နာနတ်သီးတွေရဲ့ အနံ့တွေ အများကြီး ရနေပြီဆိုရင် ဒီအသီးက အမှည့်လွန်နေပါပြီ။ နာနတ်သီးကို လက်နဲ့ နှိပ်လိုက်ရင် ပျော့ပြီးချန်ခဲ့ရင် အမှည့်လွန်နေပါပြီ။

နာနတ်သီးမှာရှိတဲ့ အရွက်ရဲ့ ထိပ်ပိုင်းက စိမ်းနေပြီး အဆုံးမှာ အနည်းငယ် ကျိုးပြီ ဝါနေရင် ဒါက အနော်တော် မှည့်နေတဲ့ အလုံးဖြစ်တာကြောင့် ဝယ်သင့်ပါတယ်။ အရွက်တွေက လုံး၀ စိမ်းနေရင် ဒီအသီးက ခူးချိန်မတိုင်ခင်က ခူးထားတာ ဖြစ်ပါတယ်။

သရက်သီး

14628460-25811860-1-0-1496742323-1496742347-650-1-1496742347-650-856494561a-1496928386

သရက်သီးတွေမှာ သူတို့ အမျိုးအစားပေါ် မူတည်ပြီး အဝါ၊ အစိမ်း၊ အနီ တွေ ရှိကြပါတယ်။ ဒါကြောင့် ဘယ်လို အရောင်မျိုးဆို မှည့်သွားပြီလို့ တသမတ်တည်း သတ်မှတ်လို့မရပါဘူး။ သရက်သီးရဲ့ အခွံပေါ်မှာ အမည်းရောင်ကွက်တွေ (အပွေးတွေ) ရှိနေရင်တော့ သရက်သီးက အရသာကောင်းပြီး မှည့်နေပါပြီ။

သရက်သီးကို ကိုင်ကြည့်လိုက်ရင် အသားပျော့ပျော့လေး (အရမ်း မပျော့ဖို့လည်းလိုပါတယ်) ဖြစ်နေရင် မှည့်နေပါပြီ။ ကိုယ်လက်နဲ့ ဖိကြည့်လိုက်ရုံနဲ့ ပျက်စီးဖို့လွယ်နေရင်တော့ အမှည့်လွန်နေပါပြီ။

ကျွဲကောသီး

14628510-25812360-2-0-1496742611-1496742631-650-1-1496742631-650-81b61978bd-1496928386

ကျွဲကောသီးမှာ သူ့အမျိုးအစားအလိုက် အဝါ၊အစိမ်း သို့ လိမ္မော်ရောင်တွေ ရှိတတ်ပါတယ်။ ကျွဲကောသီးက မာလေလေ အရည်ရွှမ်းလေလေ ဖြစ်ပါတယ်။ ကျွဲကောသီးရဲ့ ပုံစံက အဝိုင်းဖြစ်ဖြစ် ခပ်ရှည်ရှည် ဖြစ်ဖြစ် ရှိတတ်ပါတယ်။

14628560-25829160-7-0-1496749249-1496749254-650-1-1496749254-650-af22c3382b-1496928386

သင်္ဘောသီး

သင်္ဘောသီးမှည့်လာရင် သူ့ရဲ့ အခွံက အဝါရောင် ဖြစ်လာတတ်ပါတယ်။ အစိမ်းရောင်ဖြစ်နေရင်တော့ မမှည့်သေးပါဘူး။ တချို့ အာရှ ဟင်းလျာတွေမှာတော့ သင်္ဘောသီး အစိမ်းကိုအသုံးပြုကြပါတယ်။

အမှည့်လွန်သွားတဲ့ သင်္ဘောသီးကတော့ သူ့အခွံကို ကိုင်ကြည့်လိုက်ရင် အရမ်းပျော့နေပါလိမ့်မယ်။ အစက်အပျောက် သေးသေးလေးတွေက သင်္ဘောသီးရဲ့အရသာကို မထိခိုက်နိုင်ပေမယ့် အမည်းကွက်အကြီးတွေကတော့ အမှည့်လွန်နေပါပြီ။

14628760-25812060-5-0-1496742439-1496742446-650-1-1496742446-650-b80ce14c84-1496928386

ထောပတ်သီး

ထောပတ်သီးကို ကိုင်ပြီး လှုပ်ခါလိုက်ရင် အစေ့က လှုပ်နေရင် မှည့်နေပါပြီ။ အသီးကို လက်နဲ့ ဖိကြည့်လိုက်လို့ အချိုင့်လေးဖြစ်သွားပြီးနောက် ပြန်ပြည့်လာရင် မှည့်နေပါပြီ။ အကယ်၍ အချိုင့်လေးက ပြန်မပြည့်လာရင် အမှည့်လွန်နေတာ ဖြစ်ပါတယ်။